ဝယ်လိုအားများနေတဲ့လပွတ္တာဒေသထွက် မျှင်ငါးပိများ

0
315

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ ထွက်ရှိသည့် မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်အတွင်း ဝယ်လိုအားကောင်းနေကြောင်း ငါးပိ၊ ငါးခြောက် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်ဈေးကွက်သို့  ပြီးခဲ့သည့် ဇွန်လအတွင်း မျှင်ငါးပိ ပိဿာချိန် (၈၅၀၀၀) အထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒေသထွက်မျှင်ငါးပိများ ဈေးကွက်အတွင်း ဝယ်လိုအားကောင်းလျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ်မှ ဒေသထွက်မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး မေလအတွင်းက မျှင်ငါးပိ ပိဿာချိန် (၆၅၀၀၀) သာတင်ပို့ရောင်းချနိုင်ခဲ့ကာ ဇွန်လ (၁) ရက်မှ (၃၀) ရက်အထိ တစ်လတာကာလအတွင်း မျှင်ငါးပိ ပိဿာချိန် (၈၅၀၀၀) အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်မှ ထွက်ရှိသည့် မျှင်ငါးပိများ အပါအဝင် ဒေသထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချလျက်ရှိကြောင်း ၊ လက်ရှိတွင်လည်း ရန်ကုန်ဈေးကွက်၌ မျှင်ငါးပိဝယ်ယူမှု အရမ်းများနေကာ ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားကောင်းနေကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများသည် ဒေသခံရေလုပ်သားများ  ပင်လယ်ပြင်မှ ဖမ်းယူရရှိသော မျှင်ကောင်များကို ဝယ်ယူအသုံးပြုပြီး အသင့်စားသုံးနိုင်သော မျှင်ငါးပိအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိရာ အဆိုပါ မျှင်ငါးပိထုတ်လုပ် ရောင်းချသည့်လုပ်ငန်း တစ်ခုလျှင် လုပ်သား (၁၅) ဦးမှ (၂၅) ဦးအထိ အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here