ဆန်ဈေးနှုန်း တည်ငြိမ်ရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် လက်လီဆန်ဆိုင်များကို MRF ဖိတ်ခေါ်

0
192

မြန်မာနိုင်ငံတွင်း ရပ်ကွက်၊ ဈေးများနှင့် မြို့ရွာ‌များတွင် ဖွင့်လှစ်ထားသည့် လက်လီဆန်ဆိုင်များကို သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ဆန်ရောင်းချပြီး ဆန်ဈေးနှုန်းတည်ငြိမ်ရေး အစီအစဉ်ကို ပူးပေါင်းပါဝင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဖိတ်ခေါ်ထားသည်။

လက်လီဆန်ဆိုင်များသည် ဆန်ဈေးကွက်တွင် အရေးပါပြီး စားသုံးသူများနှင့်ထိတွေ့မှုအများဆုံးဖြစ်‌သော်လည်း လက်ရှိတွင် ဆန်စက်‌များ၊ ပွဲရုံများနှင့်ကုန်စည်ဒိုင်များ ပါဝင်သည့် လက်ကားဈေးကွက်တွင် သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ရောင်းချနေပြီး လက်လီဆန်ဆိုင်များသည် လက်လီရောင်းချမှုအတွက် သတ်မှတ်ထားသည့် ဈေးနှုန်း‌များအတိုင်း ရောင်းချပေးရန် လိုအပ်မှုရှိနေသေးကြောင်း ဖော်ပြပါရှိသ ည်။

ယင်းကြောင့် လက်လီဆန်ဆိုင်များတွင် သိုလှောင်ထားသော ပြည်တွင်း စားသုံးဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းအပါအဝင် ပေါ်ဆန်းဆန်‌တွေနှင့် ရက် ၉ဝ၊ ပခန်း၊ မနောသုခ၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတောစသည့် ဆန်များကို စားသုံးသူများထံ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ထုတ်ရောင်းပေးရန် အသင်းချုပ်က တိုက်တွန်းထားပြီး အရည်အသွေးမှန်၊ အလေးချိန်မှန်နှင့်ရောင်းချရန်လည်း တိုက်တွန်းထားသည်။

ထို့ပြင် လက်လီဆန်ဆိုင်သည် လက်ကားရောင်းချသည့်ပွဲရုံများ၊ ဆန်စက်များနှင့် ကုန်စည်ဒိုင်များထံကနေ သတ်မှတ် ရည်ညွှန်းဈေးများနှင့်ကုန်ပစ္စည်းရရှိမှု မရှိခြင်း၊ အရည်အသွေး လျော့နည်းသည့် ပစ္စည်းများကိုသာ ဝယ်ယူရရှိပါက အသင်းချုပ်သို့ အသိပေး တင်ပြနိုင်ပြီး သတ်မှတ် ရည်ညွှန်းဈေးနှင့်စားသုံးသူများထံ ပစ္စည်းမှန်၊ ဈေးမှန် ရောင်းချပေးနိုင်ရန်၊အသင်းချုပ်က လက်လီဆန်ဆိုင်များအထိ အရောက် ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

လက်လီဆန်ဆိုင်များတွင် သိုလှောင်ထားသည့် ပြည်တွင်း စားသုံးဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းအပါအဝင် ပေါ်ဆန်းဆန်‌များနှင့်ရက် ၉ဝ၊ ပခန်း၊ မနောသုခ၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတောစသည့် ဆန်များကို စားသုံးသူများထံ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ထုတ်ရောင်းပေးရန် အသင်းချုပ်က တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here