ကသာမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား သစ်ပင်ချစ်သူများအဖွဲ့မှ စားသောက်ကုန်များလှုဒါန်း

0
80

ဧရာဝတီမြစ်ရေ ဝင်ရောက်နေသော ကသာမြို့ မြေနိမ့်ပိုင်းရက်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား သစ်ပင်ချစ်သူများအဖွဲ့မှ ဆန်၊ ဆီ၊‌ ဆေးနှင့် အခြားစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်လွန်၍ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးရပ်ကွက်များသို့ ဧရာဝတီမြစ်ရေများ ဝင်ရောက်နေခြင်းဖြစ်သည်။

ကသာမြို့ သစ်ပင်ချစ်သူများအဖွဲ့က ရေဘေးသင့်ပြည်သူများအားအိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည်၊ စားဆီ (၂၅) ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ မာမားခေါက်ဆွဲထုပ် (၃) ထုပ်နှင့် ပါရာစီတမော့်(၁)ကတ်တို့ကို အိမ်ထောင်စု (၅၀)စုအား ဇူလိုင် (၆)ရက်နှင့် ပိန္နဲကုန်းရပ်ကွက်နှင့် ရပ်ကွက်(၄) ရှိ ရေဘေးသင့် အိမ်ထောင်စု (၁၂၀)စုတို့အတွက် ဇူလိုင် (၇) ရက်တို့တွင် သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကသာမြို့၊ သစ်ပင်ချစ်သူများအဖွဲ့အနေဖြင့် ကသာမြို့ မြေနိမ်ပိုင်းနှင့် မြစ်ကမ်းဘေးရှိ ဧရာဝတီမြစ်ရေများ ဝင်ရောက်နေသော အိမ်ထောင်စုများအား ကသာမြို့ပေါ်ရှိ အလှူရှင်များနှင့်ပူးပေါင်း၍ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here