အိန္ဒိယအမျိုးသမီးအသင်းကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အနိုင်ရ

0
89

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အိန္ဒိယလက်ရွေးစင်အမျိုးသမီးအသင်းကို နှစ်ဂိူး တစ်ဂိုးဖြင့် ယနေ့ဇူလိုင် ၉ရက်တွင် အနိုင်ရရှိခဲ့သည်။

ဖီဖာနိုင်ငံတကာအသိမှတ်ပြုခြေစမ်းပွဲအဖြစ် ရန်ကုန်မြို့၊သုဝဏ္ဏကွင်း၌ ယနေ့ညနေ ၄နာရီက ကစားခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးလက်‌ရွေးစင် ဘောလုံးအသင်းအတွက် Win Theingi Tunနှင့်San Thaw Thaw တို့က ဂိုးသွင်းယူခဲ့ပြီး အိန္ဒိယအသင်းမှ Pyari XaXa ကတစ်ဂိုးသွင်းခဲ့သည်။

မြန်မာအမျိုးသမီးလက်‌ရွေးစင်အသင်းသည် ဇူလိုင် ၁၂ရက်တွင်လည်း ဖီဖာအသိမှတ်ပြုနိုင်ငံတကာခြေစမ်းပွဲအဖြစ် ရန်ကုန်မြို့ ၊ သုဝဏ္ဏကွင်း၌ပင် အိန္ဒိယအမျိုးသမီး လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီ တက်ဆုရိုက ကိုင်တွယ်လျက်ရှိပြီး ဇွန် ၁၆ ရက်မှ စတင်၍ လက်ရွေးစင်အသင်းများ အဆောင်တွင် ကစားသမား (၃၀) ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here