မိုဒီ နှင့် ပူတင်နှင့်တွေ့ဆုံ

0
437
Russian President Vladimir Putin shakes hands with Indian Prime Minister Narendra Modi during a meeting at the Kremlin in Moscow on July 9, 2024. (Photo by Alexander NEMENOV / POOL / AFP)

မော်စကို၊ဇူလိုင် ၈

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ဇူလိုင်လ ၈ ရက်နေ့က မော်စကိုသို့ရောက်ရှိခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။ အိန္ဒိယ သည် မော်စကိုနှင့် ကာလကြာရှည်စွာရှိခဲ့သော ဆက်ဆံရေးကို ထိန်းသိမ်းရင်း ၄င်းနှင့်လုံခြုံရေးအရ ဆက်ဆံရေး၌နီးကပ်သော အနောက်နိုင်ငံများကို စည်းရုံးရေးကို စည်းခြားကာ လုပ်ဆောင်လျှက်ရှိသည်။

ယခုခရီးစဉ်သည် အိန္ဒိယဝန်ကြီးချုပ်အဖြစ် မိုဒီထပ်မံရွေးချယ်ခံရပြီးမကြာမီ ရုရှား – ယူကရိန်းအရေးစတင်ပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးရုရှားခရီးစဉ်လည်းဖြစ်သည်။

“ကျွန်တော့်မိတ်ဆွေ သမ္မတဗလာဒီမာပူတင်နဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအားလုံးကို ပြန်လည်သုံးသပ်ပြီး ဒေသတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေအပေါ် အမြင်တွေကိုမျှဝေဖို့မျှော်လင့်ထားပါတယ်” ဟုလည်း မိုဒီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မိုဒီသည် ရုရှားသို့ ၂၀၁၉ ခုနှစ်က နောက်ဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ယူကရိန်းအရေးနှင့်ပတ်သက်၍လည်း မော်စကို ကိုတစ်စုံတစ်ရာဝေဖန်ခြင်းမျိုးမရှိခဲ့ပေ။

ထို့ပြင် အနောက်အုပ်စုများက ပိတ်ဆို့ဒဏ်ခတ်ထားသည့် ရုရှားရေနံများကိုတင်သွင်းလျက်ရှိပြီး ပြီးခဲ့သည့်မေလအထိ အိန္ဒိယသို့ ရုရှားရေနံတင်သွင်းမှုလည်း ရှစ်ရာခိုင်နှုန်းအထိမြင့်တက်လာကာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ အမြင့်ဆုံးပမာဏလည်းဖြစ်သည်ဟုသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here