မြန်မာ- ထိုင်း လေထုညစ်ညမ်းမှု တားဆီးရေး အစည်းအဝေးကျင်းပ

0
354

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution – AATHP) ကို မြန်မာနိုင်ငံအနေဖြင့် ၂၀၀၂ ခုနှစ် ဇွန် (၁၀) ရက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဧပြီ (၇) ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “သုံးနိုင်ငံ နယ်စပ်ဒေသတွင် စိုက်ပျိုးရေးဆောင်ရွက်ရာ၌ တောင်ယာစိုက် ပျိုးမှုကိုလျှော့ချရန်၊ ကုန်းမြင့်လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်နှင့် နည်းပညာများ အသုံးပြုဆောင်ရွက်ရန်” လိုကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးအတွက် နည်းလမ်းများ၊ လုပ်ဆောင်မည့် အစီအမံများ၊ ကျေးရွာများအထိ ဒေသခံများ လက်တွေ့လုပ်ဆောင်နိုင်မည့် လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့်အခက်အခဲများ၊ စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံအတွင်း မီးလောင်မှု အရေအတွက် (Fire Hotspot) လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ည မ်းမှုထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here