မိုးယွန်းကြီးအင်းကို အာဆီယံအမွေအနှစ် ဥယျာဉ်တည်ထောင်ရန် ဆောင်ရွက်နေ

0
311

ပဲခူးတိုင်းအတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အာဆီယံအမွေအနှစ်ဥယျာဉ် တည်ထောင်နိုင်ရေး ဆောင်ရွက်နေကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

မိုးယွန်းကြီးအင်းသည် ပဲခူးမြို့နှင့် ဝေါမြို့နယ်ကြားတည်ရှိပြီး အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဗဟိုဌာနနှင့် ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်သည်။

မိုးယွန်းကြီးအင်း ဘေးမဲ့တောအတွင်း နို့တိုက်သတ္တဝါမျိုးစိတ် (၁၂၀)၊ ကုန်းနေ၊ ရေနေနှင့် တွားသွားသတ္တဝါ (၂၈) မျိုး၊ အင်းဆတ် (၃၃) မျိုး၊ ဆောင်းခိုငှက် (၅၉)မျိုး၊ ဌာနေငှက် (၇၇) မျိုး၊ ငါး(၄၄) မျိုးနှင့် ရေနေပင် (၇၄)မျိုး ရှိနေပြီး အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခံရရန်အတွက် သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ကြိုးစားဆောင်ရွက်နေကြော င်းလည်း သိရသည်။

ထို့ပြင် ယခုလက်ရှိတွင် မိုးယွန်းကြီးအင်းကို ကာကွယ်ထိန်းသိမ်းမှုများ လုပ်ဆောင်နေကာ အင်းအတွင်း သားငှက်ထိန်းသိမ်းသည့် လုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရှားပါးငှက်မျိုးစိတ်များကို ဖမ်းယူစားသောက်၊ သတ်ဖြတ်မှုများမလုပ်နိုင်ရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေပြီး လိုက်နာမှု မရှိသူများကိုလည်း ဥပဒေအရ အရေးယူမှုများ ဆောင်ရွက်နေကြောင်းလ ည်း သိထားရသည်။

ယခုလက်ရှိအချိန်အထိ မိုးယွန်းကြီးအင်း ဘေးမဲ့တောသည် ဆောင်းခိုငှက်များ၊ ရေပျော်ငှက်များ လာရောက်နားခိုရာဒေသဖြစ်နေကာ ကမ္ဘာလှည့်ခရီးသည်များအပါအဝင် ပြည်တွင်းငှက်ဝါသနာရှင်များ လာရောက်ရာ သဘာဝအခြေခံ ခရီးသွား ဆောင်ရွက်နိုင်သည့် နေရာတစ်ခုလည်း ဖြစ်နေဆဲ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here