ရန်ကုန်မြစ်အတွင်း တွဲသင်္ဘောနှင့်တိုက်သည့် သမ္ဗာန်တိမ်းမှေ-ာက်ရာ ပျောက်ဆုံး (၁၇)ဦးအနက် (၈)ဦးအားကယ်ဆယ်နိုင်ခဲ့

0
7343

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း သမ္ဗာန်(၁)စီး တိမ်းမှော-က်မှုဖြစ်ပွားရာ သမ္ဗာန်ပေါ် လိုက်ပါလာသူ (၁၇)ဦးအနက် (၈)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း မီးသတ်တပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

ယနေ့ ဇူလိုင် (၁၀)ရက်၊ နံနက် (၈)နာရီ (၁၀)မိနစ်အချိန်ခန့်က ရန်ကုန်မြစ်အတွင်း၊ ဗားကရာဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာတွင် သမ္ဗာန်(၁)စီးတိမ်းမှေ-ာက်မှုဖြစ်ပွားကြောင်း သတင်းအရ အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ 191 ယာဉ် (၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ လူနာတင်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“စက်လှေပေါ်မှာ လူ (၁၇) ဦးပါတာ။ တွဲသင်္ဘောကို တိုက်မိပြီး မှေ-ာက်တယ်လို့ သိရတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းအချို့ ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်နေကြတယ် ပြန်လည်ဆယ်ယူရရှိသူ အချို့ကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ထားတယ် ကျန်ရှိသူ အချို့ကို ဆက်ရှာနေတယ်။”ဟု ရောင်စဉ်မဲ့လူမူကူညီရေးအသင်းက ဆိုထားသည်။

အဆိုပါ သမ္ဗာန်(၁)စီး တိမ်းမှေ-ာက်မှု ဖြစ်စဉ်ကြောင့် ရေယာဉ်ပေါ်ပါရှိသူ (၁၇)ဦးအနက် (၈)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here