ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထပ်တိုးပေးပို့မယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေ ကြေညာ

0
220

အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်တွေဟာ ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်တွေနဲ့ ပက်ထရီယော့အစိတ်အပိုင်းတွေပါဝင်တဲ့ လေကြောင်းကာကွယ်ရေးစနစ် ၅ ခု ထပ်တိုးပေးပို့သွားမှာဖြစ်ကြောင်း နေတိုးထိပ်သီးအစည်းအဝေးအတွင်း ပူးတွဲကြေညာချက်မှာ ယင်းနိုင်ငံ ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။

လာမယ့်လတွေအတွင်း နည်းဗျူဟာမြောက် လေကြောင်းကာကွယ်ရေးစနစ် ဒါဇင်ချီကို ယူကရိန်းအတွက် ပံ့ပိုးပေးဖို့ ရည်ရွယ်ထားကြောင်းလည်း ၎င်းတို့က ဆက်လက် ပြောဆိုခဲ့ပါတယ်။

ယူကရိန်းရဲ့ အကြီးဆုံး ထောက်ပံ့သူဖြစ်တဲ့ ဝါရှင်တန်ဟာ ၂၀၂၂ ခုနှစ်ကစလို့ စစ်ရေးအကူအညီ ဒေါ်လာ ၅၀ ဘီလီယံကျော်ဖို့ ထောက်ပံ့ထားပြီးဖြစ်ပါတယ်။ သို့ပေမယ့် အမေရိကန် စစ်ရေးအကူအညီဟာ ကွန်ဂရက်မှာ လအတော်ကြာ နှောင့်နှေးခဲ့ပြီး လက်နက်ပြတ်လပ်မှုဟာ ရုရှားကို အသာစီးရမှုဖြစ်စေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောဆိုခဲ့ပါတယ်။

ပဋိပက္ခရဲ့ အစောပိုင်းကာလတွေနောက်ပိုင်း တိုက်ပွဲလမ်းကြောင်းတွေမှာ အတော်အတန်အေးနေခဲ့ပြီးနောက် မကြာခင်လတွေအတွင်း မော်စကိုဟာ ယူကရိန်းအရှေ့ပိုင်းမှာ တိုးတက်မှုအချို့ရရှိလာခဲ့ပါတယ်။ အနောက်နိုင်ငံ အစိုးရတွေအနေနဲ့ ကိဗ်တပ်ဖွဲ့တွေအတွက် စစ်ရေးအကူအညီတိုးမြှင့်ဖို့နဲ့ အဆောတလျင်ပေးပို့မှုလုပ်ပေးဖို့ ဇလန်းစကီးက တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ရိုမေးနီးယား၊ နယ်သာလန်၊ အီတလီနဲ့ အခြားမိတ်ဖက်နိုင်ငံတွေက လှူဒါန်းတဲ့ ပက်ထရီယော့ဒုံးကျည်တွေနဲ့ ပက်ထရီယော့အစိတ်အပိုင်းတွေ အပါအဝင် နောက်ထပ် မဟာဗျူဟာ လေကြောင်းကာကွယ်ရေးစနစ်တွေ ယူကရိန်းအတွက် မိမိတို့ ပံ့ပိုးပေးမှာဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

Ref: TH


LEAVE A REPLY

Please enter your comment!
Please enter your name here