တောင်ကိုရီးယားမှာ မိုးကြီးမှုကြောင့် မြေပြိုမှုတွေဖြစ်ပွားကာ ကျည်ဆန်ရထားတွေ အရှိန်လျှော့ပြေးဆွဲ

0
226

နိုင်ငံအလယ်ပိုင်းဒေသမှာ တနင်္ဂနွေနေ့ကစတင်ခဲ့တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ပေါ်နေတာကြောင့် တောင်ကိုရီးယား အမျိုးသားမီးရထားကုမ္ပဏီက ဗုဒ္ဓဟူးနေ့(ဇူလိုင် ၁၀) မှာ ပုံမှန်ပြေးဆွဲနေတဲ့ ရထားခရီးစဉ်အချို့ကို ရပ်ဆိုင်းလိုက်ပြီး ကျည်ဆန်ရထားတွေကို အရှိန်လျှော့ပြေးစေခဲ့တယ်လို့ သိရပါတယ်။

ဂန်ဆန်မြို့မှာ ဗုဒ္ဓဟူးနေ့အစောပိုင်း တစ်နာရီခန့်အတွင်း ရွာသွန်းခဲ့တဲ့မိုးရေချိန်ဟာ ၄ လက်မနီးပါး ရှိခဲ့ပြီး အလယ်ပိုင်းဒေသရှိ နယ်မြေအတော်များများမှာ တစ်နေ့တာအတွင်း မိုးရေချိန် ၈ လက်မကျော် ရွာသွန်းခဲ့တယ်လို့ မိုးလေဝသအေဂျင်စီက ပြောဆိုပါတယ်။

တောင်ကုန်းတစ်ခုရဲ့ မြေထိန်းနံရံပြိုကျမှုကြောင့် လူတစ်ဦး‌ေ-သဆုံးခဲ့ပြီး ပရိဘောဂပစ္စည်းတွေ၊ လမ်းတွေနဲ့ အခြေခံအဆောက်အအုံ ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ပါတယ်။

အလယ်ပိုင်ဒေသ ခြောက်ခုကို ပြေးဆွဲတဲ့ Saemaeul နဲ့ Mugungwha ရထားခရီးစဉ်တွေကို ရပ်ဆိုင်းထားကြောင်းနဲ့ အချို့ကို နာရီအနည်းငယ်အကြာနဲ့ အချို့ကိုတော့ ညသန်းခေါင်အချိန်အထိ ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ အမျိုးသား ရထားဝန်ဆောင်မှုဖြစ်သော Korail ကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။

KTX ကျည်ဆန်ရထားတွေကိုတော့ ဆက်လက်ပြေးဆွဲနေပေမယ့် အချို့ဧရိယာတွေမှာ ရထားအရှိန်နှုန်းကို လျှော့ချပြေးဆွဲပေးနေတယ်လို့ Korail က ဆိုပါတယ်။

ကိုရီးယားနိုင်ငံမှာ ဇူလိုင်လဟာ မိုးလရာသီဖြစ်ပေမယ့် မကြာသေးခင်နှစ်တွေအတွင်း နွေရာသီလတွေမှာလည်း ပြင်းထန်ရာသီဥတု အခြေအနေတွေ ကြုံတွေ့ထားခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ဒီအခြေအနေတွေအတွက် မျှော်လင့်ကာ ကြိုတင်ပြင်ဆင်မှုလုပ်ထားရမယ်လိုက သမ္မတ ယွန်းဆွတ်ယိုးလ်က ပြောဆိုခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here