အင်ဒိုနီးရှား၌မြေပြို၊ ‌ေ-သဆုံးသူ ၂၃ ဦးအထိရှိလာ

0
202

ဂျကာတာ၊ဇူလိုင် ၉

အင်ဒိုနီးရှားနိုင်ငံစူလာဝေစီကျွန်းရှိ တရားမဝင် ရွှေတူးဖော်ရေးလုပ်ကွက်၌မြေပြိုမှုကြောင့် ‌ေ-သဆုံးသူသည် ၂၃ ဦးအထိရှိလာကာ ပျောက်ဆုံးနေသူ ၃၅ ဦးအထိရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များ က ပြောသည်။

လိုင်စင်မဲ့မိုင်းတွင်းများသည် တွင်းထွက်သတ္တုများကြွယ်ဝသည့် အင်ဒိုနီးရှားတွင်အများဆုံးလုပ်‌လေ့လုပ်ထရှိပြီး တူးဖော်ပြီးစွန့်ပစ်ထားသောနေရာများက ဒေသခံများအတွက် ထမင်းစားကျောက်ရှာဖွေရာနေရာများဖြစ်လာပြီး သင့်လျော်သောဘေးကင်းရေးကိရိယာများမပါဘဲလုပ်လေ့ရှိကြသဖြင့်လည်း ယခုကဲ့သို့ အဖြစ်ဆိုးများဖြစ်လေ့ရှိသည်။

“ယနေ့မွန်းလွဲပိုင်းအထိ လူ ၂၃ ဦး‌ေ-သဆုံးပြီး ၆၆ ဦး အသက်ရှင်ကျန်ရစ်ကာ ၃၅ ဦး‌ပျောက်ဆုံးနေသဖြင့်ရှာဖွေလျက်ရှိကြောင်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

တနင်္လာနေ့နေ့လည်ပိုင်းအထိ ‌ေ-သဆုံးသူ ၁၁ ဦးနှင့် ပျောက်ဆုံးနေသူ ၁၈ ဦးသာရှိခဲ့ပြီး ပျောက်ဆုံး‌ေ-သဆုံးသူများအနက်အချို့မှာ ကျောက်တူးသမားများဖြစ်ကာ အချို့မှာ မိုင်းတွင်းအနီးဈေးရောင်းချသူများဖြစ်ကြောင်းလည်းသိရသည်။

ကယ်ဆယ်ရေးနှင့်ရှာဖွေရေးကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိပြီး ရဲနှင့်စစ်သည်အင်အား ၂၇၀ ကျော်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်းလည်းအာဏာပိုင်များကဆိုသည်။

Source : စီအင်န်အေ/ဂျီအာ


LEAVE A REPLY

Please enter your comment!
Please enter your name here