Thursday, March 13, 2025

နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဒေသအလိုက် မွေးမြူရေးဇုန်များကို အောင်မြင်အောင်ဆောင်ရွက်ရမည်

နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဒေသအလိုက် မွေးမြူရေးဇုန်များကို အောင်မြင်အောင်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၂ ရက်နံနက်ပိုင်းက တပ်ကုန်းမြို့နယ်၊...

စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းသည် နိုင်ငံတော်အတွက်အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်ဟု နစက...

စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းသည် အရင်းအနှီးကြီးမားသည့်လုပ်ငန်းရပ်တစ်ခုဖြစ်သော်လည်း အကျိုးအမြတ်များပြီး တစ်ဦးချင်းစီနှင့် နိုင်ငံတော်အတွက်အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ်...

ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား၏...

ကိုရီးယားစစ်တပ်၏ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ရေးလေ့ကျင့်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား၏ အကျိုးခံစားခွင့်များရရှိရေးအတွက် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း မြန်မာနိုင်ငံသားဦးမြင့်ကြည်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်...

ပါကစ္စတန်တွင် ခရီးသည်တင် ရထားကို အပိုင်စီး

ပါကစ္စတန်နိုင်ငံ၏ မတည်ငြိမ်သော ဘလူချစ္စတန်ပြည်နယ်တွင် အင်္ဂါနေ့က ခရီးသည် ၄၀၀ ကျော် လိုက်ပါလာသည့် ရထားတစ်စီးကို လက်နက်ကိုင် သူပုန်များက အပိုင်စီးခဲ့ပြီးနောက် ခရီးသည်...
HomeNewsLocal Newsချင်းတွင်းမြစ်ရေသည် မုံရွာမြို့၏ စိုးရိမ်ရေမှတ်အထက်...

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၏ စိုးရိမ်ရေမှတ်အထက် (၂) ပေခွဲခန့်ကျော်လွန်ရောက်ရှိနေ

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ဇူလိုင်လ (၁၀)ရက် နံနက်ပိုင်းကစ၍ မြို့၏ စိုးရိမ်ရေမှတ်အထက် (၂)ပေခွဲခန့်ကျော်လွန်ရောက်ရှိနေသောကြောင့် သက်ဆိုင်ရာမှ ရေဘေး သတိပေးချက်များ အသိပေးလျက်ရှိသည်။

“မနေ့က ဇူလိုင်လ (၉)ရက်ညနေကတည်းက ကမ်းနားလမ်းတစ်လျောက်အသံချဲ့စက်နဲ့လှည့်အော် သတိပေးနေတာပါ။ အရင်ကလို ကမ်းနားတာရိုးတလျောက် ရေကင်းစခန်းတွေမရှိတော့ပေမယ့် မြစ်ရေကြီးတာကို စောင့်ကြည့်နေတဲ့ အဖွဲ့က (၂၄) နာရီအလှည့်ကျစောင့်ကြည့် သတင်းပေးနေပါတယ်” ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် တစ်ဦးက ပြောသည်။

မြန်မာစံတော်ချိန် နေ့လယ် (၁၂)နာရီခွဲအချိန်တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ပေခွဲခန့်(၇၈စင်တီမီတာ)ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း (၁)ပေခန့် ဆက်လက်မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

မုံရွာမြို့ချင်းတွင်းမြစ်ကမ်းတလျောက် တာရိုးကြီးကို ယခင်ထပ်တိုးမြှင့်တင်သည်ထက် ထပ်မံမြှင့်တင်ထားရာ လက်ရှိစိုးရိမ်ရေမှတ် ၁၀၀၀ စင်တီမီတာအထက် ၃ ပေနီးပါးခန့်အထိကျော်လွန်နေသော်လည်း မုံရွာမြို့တွင်းသို့ မြစ်ရေဝင်ခြ င်း မရှိသေးကြောင်း သိရသည်။

“၂၀၁၅ ခုနှစ်အထိ ချင်းတွင်းမြစ်ရေဝင်မှာ ကြောက်နေခဲ့ရသေးတယ်။ အဲဒီနှစ်မှာ ချင်းတွင်းတာရိုးကို အထက်မြင့်တင်လိုက်တော့ ရေဝင်တာတွေ မရှိတော့ဘူး။ မြှင့်တင်ထားတာထက်ထပ်မြှင့်တင်ထားလိုက်တော့ ရေဘေးအန္တရာယ်ကကင်းဝေးသွားတာပေါ့”ဟုမုံရွာမြို့နေသူတစ်ဦးက ပြောသည်။

မုံရွာမြို့၊ ချင်းတွင်းမြစ်တာရိုးသည် ရေဝင်ရောက်မှုမရှိ၊ရေလျှံမှုမရှိလောက်အောင်စိတ်ချရသည်မှန်သော်လည်း မြေအောက်စိမ့်ရေကြောင့် မြေအိကျခြင်း၊ တာရိုးပေါက်ကျခြင်းများ ရှိနိုင်သည့်အတွက် ကမ်းနားလမ်းတလျောက်ရှိသီးနှံပွဲရုံများ၊ ဆေးဝါးကုမ္မဏီဂိုဒေါင်များ၊ ရောင်းကုန်အမျိုးမျိုးလှောင်သည့်ဂိုဒေါင်များမှပစ္စည်းများကို ရေလွတ်ရာသို့ကြို တင်ရွေ့ပြောင်းမှုများရှိနေကြောင်း သိရသည်။

အလားတူ မင်းကင်းမြို့တွင်လည်း ချင်းတွင်းမြစ်ရေသည်စိုးရိမ်ရေ မှတ်အထက် (၆)ပေခန့်၊ ကလေးဝမြို့တွင် စိုးရိမ်ရေမှတ်အထ က်(၇)ပေခန့်၊ မော်လိုက်မြို့တွင် စိုးရိမ်ရေမှတ်အထက်(၉) ပေခွဲခန့်၊ ဖောင်းပြင်မြို့တွင်စိုးရိမ်ရေမှတ်အထ က်(၈)ပေခွဲကျော်၊ ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် (၆)ပေကျော်နှင့် ခန္တီးမြို့တွင် စိုးရိမ်ရေမှတ်အထက် (၇) ပေခွဲခန့်ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဒေသအလိုက် မွေးမြူရေးဇုန်များကို အောင်မြင်အောင်ဆောင်ရွက်ရမည်

နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဒေသအလိုက် မွေးမြူရေးဇုန်များကို အောင်မြင်အောင်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၂ ရက်နံနက်ပိုင်းက တပ်ကုန်းမြို့နယ်၊ ကံကြီးကျေးရွာရှိ ကံကြီးမွေးမြူရေးဇုန်အားကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။ ဒေသအလိုက် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်း သီးဟင်းရွက်များဖူလုံစေရန် နိုင်ငံအတွင်း စိုက် ပျိုးမွေးမြူရေးဇုန်များကို ဒေသအလိုက် အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသ တွင်းစားသုံးမှုဖူလုံရေးကို ကနဦး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည် တွင်းစားသုံးမှုဖူလုံရေးကိုဆောင်ရွက်ရမည်ဟု မှာကြားသည်။ " ပြည်တွင်းစားသုံးမှုဖူလုံရေးကို ဆောင်ရွက်ပြီးရင် ပြည်ပကိုတင်ပို့နိုင်ဖို့ဆက်လက်ဆောင်ရွက်ရပါမယ်။...

စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းသည် နိုင်ငံတော်အတွက်အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်ဟု နစက ဥက္ကဋ္ဌပြော

စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းသည် အရင်းအနှီးကြီးမားသည့်လုပ်ငန်းရပ်တစ်ခုဖြစ်သော်လည်း အကျိုးအမြတ်များပြီး တစ်ဦးချင်းစီနှင့် နိုင်ငံတော်အတွက်အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ် ၁၂ ရက်နံနက်ပိုင်းက နေပြည် တော်၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။ စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး တောင်သူများကိုလည်း စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ “အစကောင်းမှ အနှောင်းသေချာမည် ဆိုသလို စိုက်ပျိုးမြေတွေကို စနစ်တကျဖြစ်စေဖို့ စက်မှု လယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းနဲ့ စက် ယန္တရားတွေသုံးပြီး...

ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား၏ အကျိုးခံစားခွင့်များရရှိရေးအတွက် ဆောင်ရွက်ပေးနေ

ကိုရီးယားစစ်တပ်၏ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ရေးလေ့ကျင့်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား၏ အကျိုးခံစားခွင့်များရရှိရေးအတွက် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း မြန်မာနိုင်ငံသားဦးမြင့်ကြည်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဂယောင်းဂီပြည်နယ်၊ ဆောင်းနမ်မြို့နယ်ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆေးကုသမှုခံယူနေရသည့် ဦးမြင့်ကြည်အား ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံ အမတ်ကြီးဦးသန့်စင်မှ မတ် ၁၂ ရက်က သွား ရောက်တွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆေးကုသမှုခံယူနေမှုတို့အားမေးမြန်း၍ စားသောက်ဖွယ်ရာများပေးအပ်ကာ အားပေးစကားပြောကြားပြီး လိုအပ်သည့်ကူညီမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် သံအမတ်ကြီးသည် တပ်မတော်ဆေးရုံ၌ ကိုရီးယားလေကြောင်းတပ်ဖွဲ့ဌာနချုပ်မှ ဗိုလ်မှူးကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071