ဂါဇာ၌ အငတ်ဘေးပျံ့နှံ့‌နေ –ကုလသမဂ္ဂ

0
243
A man pushes two bicycles while walking past rubble and damaged buildings along a street in the Tuffah district east of Gaza City on July 8, 2024 amid the ongoing conflict in the Palestinian territory between Israel and Hamas. (Photo by Omar AL-QATTAA / AFP)

ဂျီနီဗာ၊ဇူလိုင် ၉

ဂါဇာကမ်းမြှောင်၌ အာဟာရချို့တဲ့မှုကြောင့် မကြာသေးမီက က – လေ-းအများအပြား‌ေ-သဆုံးခဲ့ရသဖြင့် အငတ်ဘေးသည် ဂါဇာကမ်းေမြှာင် ဒေသတစ်ဝန်းတွင် ပျံ့နှံ့နေပြီဖြစ်ကြောင်း ကုလသမဂ္ဂမှတာဝန်ပေးအပ်ထားသည့် လွတ်လပ်သောလူ့အခွင့်အရေးကျွမ်းကျင်သူများအဖွဲ့ကပြောကြားခဲ့သည်။

အစ္စရေးကို အောက်တိုဘာလ ၇ ရက်က ဟားမတ်စ်တို့ကတိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်၏ ပြင်းထန်သော စစ်ဆင်ရေးဒဏ်ကိုရင်ဆိုင်ခဲ့ရသည့် ဂါဇာမြောက်ပိုင်းဒေသများ၌ လူအများစုမှာ အာဟာရချို့တဲ့မှုများဖြစ်ပေါ်ကာ က – လေ-း ၃၃ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များကပြောကြားခဲ့သည်။

မေလအစောပိုင်းကတည်းက စစ်ပွဲသည် ဂါဇာကမ်းမြောင်တောင်ပိုင်းသို့ပျံ့နှံ့သွားခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းနှင့် အကူအညီများ၏ ထိရောက်စွာဖြန့်ဝေနိုင်မှုနှင့်စီးဆင်းမှုကိုလည်းထိခိုက်စေခဲ့သည်။

“ဂါဇာအလယ်ပိုင်းမှာ တတ်အားသရွေ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့ကြားက ငတ်မွတ်မှုကြောင့် က – လေ-းတွေ‌ေ-သရတာကိုကြည့်ခြင်းအားဖြင့် ဂါဇာမြောက်ပိုင်းကအငတ်ဘေးဟာ ‌အလယ်ပိုင်းနဲ့တောင်ပိုင်းကိုပျံ့နှံ့လာတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး” ဟုလည်းဆိုခဲ့သည်။

ဆက်လက်၍လည်း ၎င်းတို့အဖွဲ့၏ထုတ်ပြန်ချက်၌ အစ္စရေးသည် ပါလက်စတိုင်းပြည်သုများအား ရည်ရွယ်ချက်ရှိရှိ အငတ်ဘေးကြုံအောင်လုပ်နေခြင်းအား ကန့်ကွက်ရှုံ့ချခဲ့ကြသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here