မဲဆောက်တွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား(၂) ဦး အရက်သောက်စကားများရာမှ လူသ-တ်မှုဖြစ်ပွား

0
77

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စု၊ နောင်ဘွာကျေးရွာတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား(၂)ဦး အရက်အတူသောက်ရာမှစကားများကာ လူသ-တ်မှုဖြစ်ပွားခဲ့ကြောင်း မဲဆောက်အခြေစိုက် မြဝတီမဲဆောက်သတင်းတစ်ရပ်တွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သူ ဇော်ကြီးနှင့် ချစ်သူအောင်ဆိုသူနှစ်ဦးမှာ ဇူလိုင်လ (၈)ရက်က အရက်အတူထိုင်သောက်ပြီး ငြင်းခုံစကားများ ရန်ဖြစ်ခဲ့ရာမှ ချစ်သူအောင်ဆိုသူက အနီးတွင်ရှိသည့် အုတ်နီခဲဖြင့် ဇော်ကြီး ၏ ဦးခေါင်းအား ထုခဲ့သဖြင့် ဇော်ကြီးမှာ ဦးခေါင်းတွင် ရရှိသည့်ဒဏ် ရာဖြင့် အခင်းဖြစ်‌နေရာ၌ ‌ေ- သဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ချစ်သူအောင်အား စစ်ဆေးမေးမြန်းခဲ့ရာ စကားများရန်ဖြစ်ရာမှ စိတ်မထိန်းနိုင်သဖြင့် အနီးရှိ‌အုတ်နီခဲဖြင့် ဇော်ကြီး၏ ဦး ခေါင်းအား ထုခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြော င်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ချစ်သူအောင်အား မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ၎င်းအား လူသ-တ်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုတို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here