အိန္ဒိယ အာသံပြည်နယ်မှာ ရေကြီးမှုကြောင့် ရှားပါး ဦးချိုတစ်ချောင်းကြံ့ ကိုးကောင်နှင့် ကြံ့ ၁၅၀နီးပါးေ- သဆုံး

0
289

အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် ကာဇီရန်ဂါ အမျိုးသားဥယျာဉ်အတွင်းက ရှားပါးဦးချိုတစ်ချောင်းကြံ့ ၉ ကောင် အပါအဝင် ကြံ့ကောင်ရေ ၁၅၀ ကျော် ‌ေ-သဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

အာသံပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်လကျော်လောက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့နေခဲ့ရတာပါ။ ယင်း ရေကြီးမှုတွေအတွင်း လူ ၇၉ ဦး ထက်မနည်း ‌ေ-သဆုံးခဲ့ရပြီဖြစ်ကာ စိုက်ခင်းတွေ၊ လူနေရပ်ကွက်တွေ ရေနစ်မြုပ်ခဲ့သလို လူဦးရေ ထောင်ချီပြီး ရေဘေးလွတ်ရာ ရှောင်တိမ်းနေခဲ့ကြရတယ်လို့ သိရပါတယ်။ အာသံ သဘာဝဘေး စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ရဲ့ အဆိုအရ အင်္ဂါနေ့ကစလို့ ရေကြီးမှုတွေအတွင်း ‌ေ-သဆုံးရသူဟာ ၇ ဦး ရှိနေပြီလို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ကောင်ရေ ၄၀၀၀ ဝန်းကျင်သာရှိတော့တဲ့ ဦးချိုတစ်ချောင်းကြံ့ ထက်ဝက်နီးပါး တည်ရှိနေရာ ကာဇီရန်ဂါအမျိုးသားဥယျာဉ်ရဲ့ သုံးပုံတစ်ပုံလောက်ဟာ ရေနစ်မြုပ်နေခဲ့ပြီလို့ ဆိုပါတယ်။

နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ နောက် နှစ်ရက်ကနေ သုံးရက်လောက်အထိ မိုးသည်းထန်စွာ ရွာသွန်းနေနိုင်တယ်လို့ ခန့်မှန်းကြောင်း အိန္ဒိယ မိုးလေဝသဋ္ဌာနက ဗုဒ္ဓဟူးနေ့(ဇူလိုင် ၁၀) မှာ ပြောဆိုခဲ့ပြီး ရေကြီးမှု အခြေအနေပိုမိုဆိုးဝါးလာနိုင်တယ်လို့ ဆိုထားပါတယ်။

အာသံပြည်နယ်တွင်းရှိ မြစ်ကိုးစင်းရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်မှာ ရောက်ရှိနေခဲ့ပြီး ဗြမ္မပုတ္တရမြစ်ရဲ့ မြစ်လက်တက်တွေဟာ ဗုဒ္ဓဟူးနေ့အထိ မြစ်ရေဆက်လက်မြင့်တက်နေဖွယ်ရှိတယ်လို့ ပြည်နယ်အစိုးရရဲ့ အစီရင်ခံချက်မှာ ဖော်ပြခဲ့ပါတယ်။

Yahoo News


LEAVE A REPLY

Please enter your comment!
Please enter your name here