ရန်ကုန်မြစ်အတွင်း သဗ္ဗာန်တိမ်းမှေ-ာက်မှုမှ ပျောက်ဆုံးနေသူ (၈)ဦးကို နာရီပေါင်း (၁၂) နာရီကြာသည်အထိ ပြန်ရှာမတွေ့သေး

0
135

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း သမ္ဗာန်(၁)စီး တိမ်းမှော-က်မှုဖြစ်ပွားရာမှ ရေယာဉ်ပေါ်ပါရှိသူ (၁၇)ဦးအနက် (၉)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသည့် ကျောင်းသား(၃)ဦး အပါဝင် (၈)ဦးကို နာရီပေါင်း (၁၂) နာရီ ကြာသည်အထိ ပြန်ရှာမတွေ့သေးကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဇူလိုင် (၁၀)ရက်၊ နံနက် (၈)နာရီဝန်းကျင်က ရန်ကုန်မြစ်အတွင်း၊ ဗားကရာဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာတွင် သမ္ဗာန်(၁)စီးမှာ တွဲသင်္ဘောကို တိုက်မိပြီး တိမ်းမှော-က်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သမ္ဗာန်တိမ်းမှေ-ာက်မှုမှ ပျောက်ဆုံးနေသူများကို အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး၊ လူနာတင်ယာဉ် (၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ လူနာ တင်ယာဉ်(၁)စီး၊ အလုံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၉) ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့သော်လည်း (၈) ဦးမှာ လက်ရှိအချိန်ထိ‌ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နယ်မြေခံ မီးသတ်တပ်ဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်လိုက်သော်လည်း ပျောက်ဆုံးသည့် မိသားစုဝင်များမှ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေသေးကြောင်း သိရသည်။

အဆိုပါ သဗ္ဗာန်မှော-က်ပြီး ပျောက်ဆုံးနေသည့် (၈)ဦးတွင် ကျောင်းသား (၃)ဦးနှင့် ခရီးသည် (၅)ဦးပါရှိပြီး ၎င်းတို့မှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ငစင်နှင့် ဦးမြရွာဘက်မှ သိရပြီး လက်ရှိ သဗ္ဗာန်တိမ်းမှော-က်မှုနှင့် ပတ်သက်၍ လူပျောက်ဆုံးမှု ရှိခြင်းကြောင့် ဂိတ်မှူးနှင့် စက်လှေမောင်းသူကို သက်ဆိုင်ရာ နယ်မြေရဲစခန်းက ခေါ်ဆောင်သွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here