(၆) လအတွင်း ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သား (၅၅၀၀) ကျော်စေလွှတ်ထား

0
207

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ တောင်ကိုရီးယား နိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သား (၅၅၄၅)ဦး စေလွှတ်ခဲ့ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။

ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လုပ်သားများ စေလွှတ်ပေးလျက်ရှိရာ ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် အများဆုံးစေလွှတ်ထားကြောင်း သိရသည်။

ယခု ၂၀၂၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၁,၀၀၀ ခန့် စေလွှတ်မည်ဖြစ်ပြီး လက်ရှိအချိန်ထိ ထက်ဝက်‌ကျော် စေလွှတ်ထားနိုင်ခြင်းဖြစ်ကာဆက်လက်၍ သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရန်နှင့် လုပ်သားများ ပိုမိုစေလွှတ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ (၁၀,၆၁၁) ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်မှုလုပ်ငန်းဖြင့် အမျိုးသမီးများကို စတင်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here