ရှမ်း/မြောက်တိုက်ပွဲကြောင့် တိမ်းရှောင်လာသူ စစ်‌ဘေးရှောင်များအား ရပ်စောက်ဒေသခံများ အစားအသောက်များဝေငှ

0
124

ရှမ်းပြည်မြောက်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသူ စစ်‌ဘေးရှောင်များအား ရှမ်းပြည်တောင်ပိုင်း ရပ်စောက်ဒေသခံများက အစားအသောက်များနှင့် ရေသန့်ဗူးများ ပေးဝေကူညီခဲ့ကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ထို့ပြင် ရပ်စောက်မြို့အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် နားခိုရန် စီစဉ်ထားရှိသည့်နေရာအချို့တွင် နားခိုရန်ပြင်ဆင်ထားကြောင်း သိရသည်။

“မျက်ရည်လည်းကျ ဗိုက်ကလည်းဆာ။ ကျွန်တော့်တို့ ဝမ်းသာရတယ်။ မြောက်ပိုင်းက ဒေသခံတွေရဲ့ အခက်အခဲတွေကို တောင်ပိုင်းကဒေသခံတွေ စာနာနားလည်ပေးတာ ကျေးဇူးတင်ရတယ်”ဟု တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင်တစ်ဦးက ဆိုသည်။

အလားတူ နမ့်လန်နှင့် လဲချားမြို့တို့တွင်လည်း လမ်းပိုင်းအမျိုးမျိုးမှဝင်ရောက်လာကြသည့် ရှမ်းမြောက်ဒေသခံ စစ်ဘေးရှောင်များကို အစားအသောက်၊ သောက်ရေနှင့် တစ်ထောက်နားခိုရန် နေရာများ ပြင်ဆင်ပေးထားသည့်အပြင် ယာဉ်များအတွက် အခမဲ့ပြုပြင်ပေးသည့် နေရာများလည်း စီစဉ်ပေးထားကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းမြောက်ဒေသခံ များအနေဖြင့် ကျောက်ဂူ -ရပ်စောက်-ပင်းတယ-ရွာငံလမ်းလမ်းပိုင်းမှသော်လည်းကောင်း၊ စဉ့်အင်−ပန်ညု−နမ့်လန်− ကျောက်ဂူ − ဘန့်ဘွေး −ပြင်ဦးလွင်− မန္တလေးလမ်းပိုင်းမှ‌သော်လည်းကောင်း အဆင်ပြေရာလမ်းပ်ုင်းများမှတဆင့် စစ်ရှောင်တိမ်းနေကြရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here