၂၀၂၄ ကမ္ဘာ့ယဉ်ကျေးမှု အကပွဲတော်”၌ မြန်မာအကအဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် Gunsun မြို့ရောက်မြန်မာများ လာရောက်အားပေးရန် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဖိတ်ခေါ်ထားသည်။
အဆိုပါ ကပွဲကို Gunsan မြို့၊ Jeonju Indoor Stadium ၌ ဇူလိုင် (၁၉) ရက်၊ ညနေ (၇) နာရီခွဲတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာလူငယ်အဖွဲ့ ယဉ်ကျေးမှု အကပွဲတော် ကြိုတင်ပြင်ဆင်ရေးကော်မတီ (International Youth Fellowship- IYF Cultural Dance Festival Preparation Committee) ကြီးမှူး၍ နိုင်ငံပေါင်း (၁၆) နိုင်ငံမှ ၎င်းတို့၏ ရိုး ရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး ယင်းတွင် မြန်မာနိုင်ငံမှလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြော င်း သိရသည်။
Gunsan မြို့၌ နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် အဆိုပါအကပွဲတော်သို့ လာရောက်အားပေးလိုပါက ကြည့်ရှုခွင့်နှင့် မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခြင်းတို့အား အခမဲ့ ခွင့်ပြု/ စီစဉ်ပေးမည်ဖြစ်ကြောင်း ၂၀၂၄ ကမ္ဘာ့ယဉ်ကျေးမှုပွဲတော် Gunsan ရုံးခွဲ (2024 World Cultural Festival Gunsan branch) မှ ဖိတ်ကြားထားသည်။
သို့ဖြစ်၍ လက်ရှိ Gunsun မြို့၌ နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် အဆိုပါ “၂၀၂၄ ကမ္ဘာ့ယဉ်ကျေးမှုအကပွဲတော်” သွားရောက်အားပေးလိုပါက ဖုန်း ၀၁၀ ၈၃၅ ၃ ၃၁၂၈ ၊ ၀၁၀ ၆၂၆၁ ၃၆၅၈ သို့ ဆက်သွယ်သွားရောက်နိုင်ကြောင်း သိရသည်။