အစ္စရေးသို့ ပေါင် ၅၀၀ ဗုံးများ တင်ပို့မှု အမေရိကန်ပြန်လည်စတင်

0
393

အမေရိကန်ပြည်ထောင်စုသည် ပေါင် ၅၀၀ ဗုံးများကို အစ္စရေးသို့ ပြန်လည်ပို့ဆောင်ရန် သဘောတူညီခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဂါဇာဒေသတောင်ပိုင်း ရာဖာမြို့ကိုတိုက်ခိုက်နေမှုအတွင်း အစ္စရေးက အသုံးပြုမည်ဆိုပါက ပါလက်စတိုင်းများအပေါ် ထိခိုက်မှုများပြားမည်ကို စိုးရိမ်သောကြောင့် အမေရိကန်သည် ပေါင် ၂၀၀၀(၉၀၀ ကီလိုဂရမ်) နှင့် ပေါင် ၅၀၀ (၂၃၀ ကီလိုဂရမ်) ဗုံးများ တင်ပို့မှုကို ခေတ္တရပ်ထားခဲ့သည်။

“အထူးသဖြင့် အစ္စရေးရဲ့ ရာဖာမြို့စစ်ဆင်ရေးမှာ ပေါင် ၂၀၀၀ အလေးချိန်ရှိတဲ့ ဗုံးတွေသုံးစွဲမှာကို ကျွန်တော်တို့ စိုးရိမ်မိကြောင်း ရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ” ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

လေ့လာမှုများအရ ပေါင် ၅၀၀ အလေးချိန်ရှိသော ဗုံးသည် မီတာ ၂၀ (၆၅ ပေ) ပေါက်ကွဲမှု အချင်းဝက်အတွင်း အရာအားလုံး သို့မဟုတ် မည်သူ့ကိုမဆို ပြင်းထန်စွာထိခိုက်စေနိုင် သို့မဟုတ် ‌ေ-သစေနိုင်ကြောင်း သိရသည်။

ကာကွယ်ရေးမူဝါဒဆိုင်ရာ သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ချက်များအရ Pပေါင် ၂၀၀၀ အလေးချိန်ရှိသော ဗုံးတစ်လုံးသည် ၃၅ မီတာ (၁၁၅ ပေ) ပေါက်ကွဲမှု အချင်းဝက်အတွင်း အရာအားလုံး သို့မဟုတ် မည်သူ့ကိုမဆို ပြင်းထန်စွာထိခိုက်စေနိုင် သို့မဟုတ် ‌ေ-သစေနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here