ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့်မည်သူ့ကိုမျှ အ​ရေးယူထားခြင်း မရှိ

0
273

ရိုးမဘဏ်နှင့် ရိုးမအုပ်စု၏ ဦးဆောင်သူဦးသိမ်းဝေအား ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခြင်းများ လုပ်ဆောင်နေသည်ဟု ယခုရက်ပိုင်းအတွင်း သတင်းများ ထွက်ပေါ်လျှက်ရှိ​နေသည်။

ထိုကိစ္စနှင့်ပတ်သက်သည့်အ​ရေးယူမှု မရှိကြောင်း ဗဟိုဘဏ်တာဝန်ရှိသူက ပြောသည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍ ငွေကြေးအပ်နှံထားသူများအကြား စိုးရိမ်မှုမြင့်တက်နေကြပြီး ယင်းစိုးရိမ်မှုများနှင့်ပတ်သက်၍ ဗဟိုဘဏ်ဘက်မှ ငြင်းဆိုထားခြင်းဖြစ်သည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်များတွင် ကန့်သတ်ချက်မရှိသည့် အထူးငွေစာရင်းအကောင့် (Special Acc) အသုံးပြုသူများလည်း မိမိထုတ်ယူလိုသည့် ငွေပမာဏ မရဘဲ ကန့်သတ်ပမာဏသာထုတ်ပေးနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဗဟိုဘဏ် တာဝန်ရှိသူက အဆိုပါသတင်းနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်းနှင့် ယင်းကဲ့သို့ ကန့်သတ်ထားခြင်း မရှိကြောင်း ပေါ်ပြူလာနယူးစ်သို့ ပြောကြားထားသည်။

ယင်းကဲ့သို့ ပြောကြားထားသော်လည်း မြေပြင်၌ special account မှ အမှန်တကယ်ငွေကြေးထုတ်ယူမရ ခြင်းမျိုးများအား ဘဏ်ခွဲအမည်၊ လိပ်စာအတိအကျနှင့်၊ အချိန်အတိအကျတို့ကို CBM သိရှိနိုင်​စေရန် Comment တွင် လာရောက် မှတ်ချက်ရေးသား ဖော်ပြပေးနိုင်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here