ချီဖွေမြို့ စစ်ဘေးရှောင်စခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား

0
128

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ‌စစ်ဘေးရှောင်စခန်းတစ်ခုတွင် ဇူလိုင်(၁၁)ရက် နံနက် (၃)နာရီဝန်းကျင်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ ဝါယာရှော့ခ် ဖြစ်ပွားရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အိမ်ထောင်စု (၁၀)စုခန့်နေထိုင်သည့် စစ်ရှောင်အဆောင်တစ်ခု မီးလောင်ဆုံးရှူံးခဲ့ရကြောင်း အဆိုပါ စခန်းတွင်နေထိုင်သူတစ်ဦးက ပြောသည်။

“အဆောင်တစ်ခုလုံး ကုန်သွားတယ်။ ဘာမှကို မရလိုက်ဘူး။ အဝတ်အစားရော အခြားငွေကြေးနဲ့ အဖိုးတန်ပစ္စည်းတွေကုန်သွားပြီ”ဟု ၎င်းက ပြောသည်။

မီးသင့်ခဲ့ရသည့် ယင်းစစ်ရှောင်စခန်းမှာ ချီဖွေမြို့ကတ်သလစ်ဘုရားကျောင်းအနီးတွင်တည်ရှိပြီး ၊ KBC စစ်ရှောင်စခန်းအမှတ်(၂)တစ်ခုဖြစ်ကြောင်း သိရသည်။

မီးလောင်ပြင်သို့ ထွက်ခွာငြိမ်းသတ်သည့် မီးသတ်ယာဉ်တစ်စီးမှာလည်း ချီဖွေမြို့အဝင်တွင် တိမ်းမှေ-ာက်ခဲ့ခြင်းကြောင့် အချိန်မီလာရောက်နိုင်ခြင်းမရှိဘဲ နံနက်(၇)နာရီဝန်းကျင်မှသာရောက်ရှိလာခဲ့ကြောင်း ဒေသတွင်း သတင်းများတွင်ထဖာ်ပြထားပြီး ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။

ချီဖွေမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများမှာ ပြီးခဲ့သည့် မေလနှင့် ဇွန်လကုန်ပိုင်းတို့တွင်လည်း တောင်ကျရေစီးဆင်းမှု‌ကြောင့် ရေဘေးဒဏ်သင့်ခဲ့ရ‌သေးသည်။

ဓာတ်ပုံ-La Nam Ying Ying


LEAVE A REPLY

Please enter your comment!
Please enter your name here