MNL (U-20) Youth League 2024 Week-6 နောက်ဆုံးပွဲစဉ် ရခိုင်ယူနိုက်တက်အသင်း (၂)ဂိုးသွင်းယူ၍ အနိုင်ရလဒ်ထွက်ပေါ်

0
111

MNL (U-20) Youth League 2024 Week-6 ၏နောက်ဆုံး ပွဲစဉ်တစ်ခုအား ရခိုင်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကြရာ ရခိုင်ယူနိုက်တက်အသင်းက (၂)ဂိုး (၁)ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ ပွဲစဉ်ကို ရန်ကုန်မြို့ တောင်ဒဂုံဘောလုံးကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး၊ ပွဲစဉ်အတွင်း အကောင်းဆုံးကစားသမားဆုကို ရခိုင်ယူနိုက်တက်အသင်းမှ ထွဋ်အောင်ကျော် က ရရှိခဲ့သည်။

အဆိုပါဆုအတွက် အထိမ်းအမှတ်ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ်တစ်သိန်းကို ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးလှကျော်ဝင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။

MNL U-20 Youth League 2024 ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူး၍ ဇွန်(၁)ရက်မှစတင်၍ Week(1)ပွဲစဉ်ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး ၊ ပြိုင်ပွဲဝင်အသင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

အဆိုပါ ယူ-၂၀ ပြိုင်ပွဲတွင် ဧရာဝတီယူနိုက်တက်၊ ဒဂုံပေါ့၊ ဒဂုံစတားယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ISPE၊ ဂျူနီယာလိုင်းယွန်း၊ မဟာယူနိုက်တက်၊ မြဝတီ၊ ရခိုင်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်၊ ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်တို့ ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။

ဓာတ်ပုံ- MFF


LEAVE A REPLY

Please enter your comment!
Please enter your name here