မြဝတီမြို့ပေါ်ရှိ လောင်းကစားဂိမ်းဆိုင်များ ပိတ်သိမ်းရန် KNU/KNLA-PC နှင့် DKBA အမိန့်စာထုတ်ပြန်

0
224

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ပေါ်ရှိ လောင်းကစားဂိမ်းဆိုင်များ ပိတ်သိမ်းရန် KNU/KNLA-PC နှင့် DKBA တို့က ယမန်နေ့ ဇူလိုင်(၁၀)ရက် ရက်စွဲဖြင့် အမိန့်စာထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ အမိန့်စာတွင် KNU/KNLA-PC နှင့် DKBA တပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများ မပြုလုပ်ရန် ထပ်မံတားမြစ်ပြီး အမိန့်မနာခံဘဲ ဖောက်ဖျက်ပါက ထိရောက်စွာအရေးယူခြင်းခံရမည်ဟု ထပ်မံအသိပေးထားသည်။

အဆိုပါ အမိန့်စာကို ရှေ့တန်းတပ်မ (၄၄)၊ မြဝတီရှေ့တန်းရုံး၊ မြဝတီခရိုင်ရဲ တပ်ဖွဲ့မှူး၊ မြို့မရဲစခန်း၊ BGF ကွပ်ကဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေးရုံး နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA အဖွဲ့တို့အား မိတ္တူအဖြစ် ပေးပို့ထားသည်။

ယခုနှစ် အစောပိုင်းက လောင်းကစားနှင့် မူးယစ်ဆေးဝါးများကြောင့် မြဝတီမြို့တွင် ကားနှင့် ဆိုင်ကယ်များကို ဂိုဏ်းဖွဲ့ခိုးယူမှုများရှိခဲ့သဖြင့် အဆိုပါ ခိုးယူသူများအမြန်ဆုံး မြို့မှ ထွက်ခွာရန်နှင့် ဖမ်းဆီးရမိပါက ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု BGF ကွပ်ကဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေးရုံးက လိုက်လံနှိုးဆော်ပြီးနောက် စီးနင်းဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သေးသည်။

မြဝတီတဝိုက်တွင် လောင်းကစား၊ အွန်လိုင်းလိ-မ်လည်မှု ဂိုဏ်းများတွင် အဓ္ဓမခိုင်းစေခံနေရသည့် နိုင်ငံစုံမှ နိုင်ငံခြားသားများ ရှိနေသဖြင့် နိုက်ငံတကာကလည်း အထူးအာရုံစိုက်လျှက်ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here