ယနေ့ ဗီယက်နမ် မွေထိုင်းချန်ပီယံ နှင့် ရိုးရာဖိုက်တာ ထွန်းမင်းအောင် ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်

0
333

ONE က ဒုတိယအခွင့်အရေးပေးလာသည့် ရိုးရာဖိုက်တာ ထွန်းမင်းအောင်နှင့် ဗီယက်နမ် မွေထိုင်းချန်ပီယံ Tran Quoc Tuan တို့ ယ‌နေ့ ဇူလိုင်(၁၂)ရက်နေ့ ညပိုင်းတွင် ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည့် ပွဲနေ့တစ်နေ့ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ONEက ပြုလုပ်သည့် ONE Firday Fights 70 ပွဲစဉ်အတွင်း တွဲဆိုင်း (၈)ဆိုင်းမြောက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထိုပွဲစဉ်အတွင်း တွဲဆိုင်း(၁၁)ဆိုင်းအနက် (၈)ဆိုင်းမြောက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကာ၊ ပွဲစဉ်တွင် အမျိုးသမီးပွဲစဉ် တစ်ပွဲ လည်းပါဝင်သည်။

ထွန်းမင်းအောင်သည် ပြီးခဲ့သော မေ(၃၁)ရက်က ONE က ပြုလုပ်သည့် ONE Lumpinee (65) ပွဲစဉ်တွင် ရုရှားဖိုက်တာ ကီရိယက်ဖ်အား အမှတ်ဖြင့် ရှုံးနိမ့်ထားသည်။

ယခု ၎င်းနှင့် ထိုးသ-တ်မည့် ဗီယက်နမ် မွေထိုင်းချန်ပီယံ ဖိုက်တာမှာ အသက် (၂၈)နှစ်အရွယ်ရှိပြီး ကိုယ်အလေးချိန် 149.91lbs /68kg ၊အရပ် 5’6” 170cm ရှိကာ One Fight Record အရ (၁)ကစား (၁)ပွဲအလဲထိုးအနိုင်ရရှိထားပြီး, ဗီယက်နမ်နိုင်ငံ WBC မွေထိုင်းချန်ပီယံခါးပါတ် ရရှိထားသူတစ်ဦးဖြစ်သည်။

ထွန်းမင်းအောင်မှာ အသက် (၁၈)နှစ်အရွယ်ရှိပြီး အရပ် 5’11” 182cm ၊ One Fight Record အရ (၁)ပွဲကစား (၁)ပွဲအမှတ်ဖြင့် ရှုံးထားပြီး ၊ မြန်မာပြည်အတွင်း ထိုးသ-တ်ခဲ့သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် ရှုံးပွဲမရှိ‌သေးသည့် လူငယ်မြန်မာ့လက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here