ရန်ကုန်တွင် ၁၂ရက်နေ့မှ ၁၅ရက်နေ့အထိ မြို့နယ်အချို့လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်

0
386

ရန်ကုန်တစ်ဖက်ကမ်းအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဉီးစီးဌာန၊ ၅၀၀ကေဗွီ၊ ဘုရားကြီး – လှိုင်သာယာ ဓာတ်အားလိုင်းတည်‌ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မလွတ်ကင်းသော ၂၃၀ကေဗွီ မြောင်းတကာ-လှော်ကား၊ မြောင်းတကာ-ဝါးတရာနှင့် မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်းတို့အား ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ နေ့စဉ်နံနက် (၀၆:၀၀) နာရီမှ ညနေ (၁၇:၀၀) နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ၂၃၀ကေဗွီ လှိုင်သာယာပင်မခွဲရုံ၊ ၂၃၀ ကေဗွီ မြောင်းတကာပင်မခွဲရုံ၊ ၂၃၀ ကေဗွီ အနောက်ပိုင်းတက္ကသိုလ်ခွဲရုံနှင့် ၂၃၀ ကေဗွီ ကနောင်ပင်မခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီဖီဒါများအား ဝန်အားထိန်းညှိဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ရွှေပြည်သာ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ ရွှေလင်ပန်း၊ ထန်းတပင်၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ တွံတေး၊ လက်ခုပ်ကုန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ကျိုက်ထော်၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်းမြို့နယ်များ၏နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here