မြန်မာနိုင်ငံအကျပ်အတည်း ပြင်းထန်နေချိန် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိန္ဒိယကဖိတ်ခေါ်ကျင်းပ

0
133

BIMSTEC သည် ဘင်္ဂလားပင်လယ်အော်တလျှောက်ရှိ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံခုနစ်နိုင်ငံတို့၏ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက်ဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းနေသည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာမှ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကဇူလိုင် (၁၀)ရက်က ထွက်ခွာပြီးတက်ရောက်နေကြပြီဖြစ်သည်။

ယခုအစည်းအဝေးကို အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျေးရှန်ကာ၏ ဖိတ်ကြားချက်အရ တက်ရောက်ခြင်းဖြစ်သည်။

အိန္ဒိယက မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရေးကိုထောက်ခံကူညီသွားမည်အကြောင်းဘေးဆွယ်အစည်းအဝေးတစ်ခုတွင် EAM ပြည်ပရေးရာဝန်ကြီး S ဂျေးရှန်ကာက မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသို့ ပြောကြားခဲ့သည်။

Ref: thehindu


LEAVE A REPLY

Please enter your comment!
Please enter your name here