ဘိုင်ဒင်က နေတိုးအစည်းအဝေး၌ ဇလန်းစကီးကို ပူတင်ဟူ၍ လူမှားမိတ်ဆက်

0
548
US President Joe Biden speaks alongside Ukraine's President Volodymyr Zelensky (R) during the Ukraine Compact initiative on the sidelines of the NATO Summit at the Walter E. Washington Convention Center in Washington, DC, on July 11, 2024. (Photo by Brendan SMIALOWSKI / AFP)

ဝါရှင်တန်၊ဇူလိုင် ၁၂

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် နေတိုးထိပ်သီးအစည်းအဝေး၌ ယူကရိန်းသမ္မတဇလန်းစကီးကို ရုရှားသမ္မတပူတင်ဟုဆိုကာ မှားယွင်းမိတ်ဆက်ခဲ့ကြောင်းသိရသည်။

ဘိုင်ဒင်က ၎င်း၏စကားမှားသွားမှုကို အလျင်အမြန်ပြုပြင်လိုက်သကဲ့သို့ ဇလန်းစကီးကလည်း သူသည် ပူတင်ထက်ပိုကောင်းသည့်သူတစ်ယောက်ဖြစ်ကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။

အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျိုးဘိုင်ဒင်၏ကျန်းမာရေးနှင့်စိတ်အခြေအနေမှာ ပြီးခဲ့သည့်ရက်သတ္တပတ်က ၎င်း၏ပြိုင်ဘက် ဒေါ်နယ်ထရန့်နှင့် စကားစစ်ထိုးပွဲပြီးကတည်းက ပိုမိုချို့ယွင်းလာခဲ့သဖြင့် သမ္မတအဖြစ်အရွေးခံခြင်းမှနုတ်ထွက်ရန် အကြံပေးမှုများရှိနေသော်လည်း ၎င်းက အလျှော့မပေးဘဲ ဆက်ပြိုင်မည်ဟုသာဆိုခဲ့သည်။

သမ္မတဘိုင်ဒင်က စကားအမှားကိုပြင်ကာ အချိန်မှီပြန်ထိန်းလိုက်သော်လည်း ၎င်း၏ ရီပတ်ဘလစ်ကန်ပြိုင်ဘက်များအကြား အဆိုပါစကားမှားယွင်းသည့်ဗီဒီယိုဖိုင်သည် မိနစ်ပိုင်းအတွင်းပျံ့နှံ့သွားခဲ့သည်။

ကြာသပတေးနေ့ကထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုအရ ဒီမိုကရက်တစ်ပါတီဝင်ထက်ဝက်ကျော်က ဘိုင်ဒင် အနေဖြင့် ဒုတိယသမ္မတသက်တမ်းအတွက် ယှဉ်ပြိုင်မှုကို အဆုံးသတ်သင့်သည်ဟုဆိုကြသကဲ့သို့ အမေရိကန်နိုင်ငံသားသုံးပုံနှစ်ပုံကလည်း ၎င်းအနေဖြင့် ပြိုင်ပွဲမှနုတ်ထွက်သင့်သည်ဟုဆိုထား‌ကြောင်းလည်းသိရသည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here