ကျွန်းစုမြို့နယ်အတွင်း ရွှေသာလျောင်းဘုရားကြီးအမည်အား အသုံးချ၍ အလှူခံခြင်းများသည် လိ-မ်လည်ခြင်းသာဖြစ်သည်ဟု ဘုရားဂေါပက အဖွဲ့ သတိပေး

0
374

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ ကျွန်းစုမြို့နယ်အတွင်း ရွှေသာလျောင်းဘုရားကြီးအမည်အား အသုံးချ၍ အလှူခံခြင်းများသည် လိ-မ်လည်ခြင်းသာဖြစ်သည်ဟု ဘုရားဂေါပဂအဖွဲ့၊ ရုံးအဖွဲ့မှူး ဦးညီညီဇော်က အသိပေးထားသည်။

ယခုအခါ သျှင်သာလျောင်းအမည်ဖြင့်လိုက်လံအလှူခံနေသည်ကိုတွေ့ရှိနေရသည်ဖြစ်သဖြင့် ယင်းကဲ့သို့အလှူခံနေခြင်းသည်လူလိ-မ်များသာဖြစ်ကြောင်း သတိပေးသည်။

“ဗုဒ္ဓဘာသာဝင်တွေရဲ့သဒ္ဓါတရားကိုအခွင့်အရေးယူပြီးရွှေသာလျောင်းဘုရားကြီးနာမည်ခံအသုံးချလုပ်စားနေသောလူလိ-မ်အဖွဲ့အား လွဲမှားစွာလှူဒါန်းမှုမရှိဖို့ သတိပေးနှိုးဆော်အပ်ပါတယ်ခင်ဗျား”ဟု ဆိုသည်။

ကျွန်းစုမြို့နယ်၊ပထက်တောင်ခြေတွင်ရှိသောအဆိုပါ လျောင်းတော်မူဘုရားကြီး၏ဘွဲ့တော်မှာ အတုလရံသီလျောင်းတော်မူဘုရားကြီးဖြစ်ပြီး၊ ရွှေသာလျောင်းဘုရားကြီးနာမည်ဖြင့် မည်သည့်နေရာဒေသကိုမှဖြတ်ပိုင်းဖြင့်သော်၎င်း ၊ ဖလားဖြင့်သော်၎င်း လိုက်လံပြီးအလှူမခံကြောင်းနှင့် ဘုရားကြီးပေါ်တွင်သာ အလှူ ခံဌာနထားရှိပါကြောင်း ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here