နွေနှမ်းများ ယခင်နှစ်ထက်ဈေးကောင်းရနေ

0
192

ယခုနှစ်နွေနှမ်းရိတ်သိမ်းချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ယခင်နှစ်ထက် ဈေးကွက်ဈေးကောင်းရရှိကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။

၂၀၂၄ ခုနှစ်နွေစပါး စိုက်ပျိုးချိန်နှင့်အတူစိုက်ပျိုးသည့် နွေနှမ်းများမှာ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ နှမ်းအတွက် ကောင်းမွန်သည့်ရာသီဥတုဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းကြောင့် တစ်ဧက အထွက်နှုန်း မြင့်မားခဲ့ကြောင်း၊ ဈေးကွက်ပေါက်ဈေးအရ နှမ်းဖြူဈေးမှာတစ်တင်း ငွေကျပ် ၁၂၀၀၀၀ ကျော်ပေါက် ဈေးရရှိသည့်အတွက် တောင်သူများအတွက်အဆင်ပြေနေကြောင်း သိရသည်။

“ဒီနှစ်က မိုးနည်းတော့ နှမ်းအကြိုက်ရာသီ ဥတုဖြစ်ခဲ့တယ်။ အဲဒါကြောင့် အထွက်နှုန်းကောင်းခဲ့တယ်။ အခင်းကောင်းရင် တစ်ဧကကို ၁၅ တင်းလောက် ထိထွက်တယ်။ အနည်းဆုံးပျမ်းမျှ ၁၀ တင်းလောက်ထွက် ရှိပါတယ်”ဟု နှမ်းစိုက်တောင်သူတစ်ဦးကပြောသည်။

နှမ်းဖြူဈေးသည် ယမန်နှစ်တွင် တစ်တင်းငွေကျပ် ၁၀၀၀၀၀ ဈေး ရှိခဲ့ပြီး ယခုနှစ်တွင် ၁၂၀၀၀၀ ကျော်ဈေးရရှိခဲ့ကြောင်း၊ နွေနှမ်းစိုက်ပျိုးမှုကို မတ်လမှစတင်ကာ စိုက်ပျိုးပြီး ဇူလိုင်လဆန်းအတွင်း အပြီးရိတ်သိမ်းလေ့ရှိကြောင်း သိရသည်။

ယခုနှစ်မိုးဦးကာလ မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် နှမ်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းခြင်းဖြစ်ကြောင်း ၊ထို့ပြင် ပြည်တွင်း ဆီလိုအပ်ချက်မြင့်မားနေသည့်အတွက်လည်း ဈေးကွက်အတွင်း နှမ်း မျိုးစုံဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here