အလယ်ပိုင်းဒေသများတွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နိုင်

0
142

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ ဇူလိုင်လ ဒုတိယ ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်နိုင်ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ဒုတိယပတ်အတွက် မြစ်ရေအခြေအနေခန့်မှန်းချက် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေသည် ယနေ့နံနက် ကိုးနာရီခွဲအချိန်တိုင်းတာချက်အရ မန္တလေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ပေခွဲကျော်ခန့် (၅၀ စင်တီမီတာ)ကျော်လွန်နေကာ နောက်တစ်ရက်အတွင်း ၃လက်မခန့်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေမည်ဟု မိုး/ဇလက ထုတ်ပြန်သည်။

ထိုနည်းတူ စစ်ကိုင်းမြို့တွင်လည်း ဧရာဝတီမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ပေခွဲကျော်ခန့် (၅၀ စင်တီမီတာ)ကျော်လွန်နေကာ နောက်တစ်ရက်အတွင်း ၃လက်မခန့်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေမည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနှင့် မကွေးမြို့များ၌မှာလည်း ၁ပေခွဲမှ ၃ပေခွဲခန့်၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ င်္ဟသာတနှင့် ဇလွန်မြို့မှာ ၄ ပေမှ ၆ ပေခန့် လက်ရှိရေမှတ်တွေထက် မြင့်တက်လာနိုင်ကြောင်းလည်း မိုး/ဇလက ထုတ်ပြန်ထားသည်။

ထို့အပြင် ဇူလိုင်လ ဒုတိယ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here