တူးမြောင်းကျိုး၍ ဒေလီအနောက်မြောက်ဒေသအချို့ရေကြီးရေလျှံ

0
311
A man covers himself with a scarf as he walks along a road during rainfall in New Delhi on July 10, 2024. (Photo by Money SHARMA / AFP)

နူးဒေလီ၊ဇူလိုင် ၁၁

နူး ဒေလီအနောက်မြောက်ပိုင်းရှိ အနီးနားပြည်နယ်များကိုရေဖြန့်ဝေနေသော တူးမြောင်းတစ်ခုကျိုးပေါက်၍ အဆိုပါဒေသအနီးတစ်ဝိုက် ရေလွှမ်းမိုးမှုဖြစ်‌ပေါ်ခဲ့ပြီး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြုပြင်ရေးလုပ်ငန်းများကိုလုပ်ဆောင်နေသည်ဟုလည်း ဒေသခံအကြီးတန်းအရာရှိတစ်ဦးက လူမှုကွန်ရက်တွင်ပြောကြားခဲ့သည်။

မြို့တော်၌နေထိုင်သူများသည် ပြီးခဲ့သည့်နှစ်လအတွင်း အပူချိန်အဆမတန်မြင့်မားမှုမှ ရေကြီးရေလျှံခြင်းအပါအဝင် မိုးသည်းသဖြင့် လေဆိပ်အမိုးပြိုကျသည်အထိဆိုးရွားသော ရာသီဥတုဒဏ်ကိုဆက်တိုက်ဆိုသလို ခံစားခဲ့ရသည်။

ယခုကျိုးပေါက်မှုဖြစ်ပေါ်သည့် မြူးနက်ခ်တူးမြောင်းသည် ယမုံနာမြစ်အနီးတွင်တည်ရှိပြီး လက်ရှိအချိန်အထိ ရေကြီးမှုကြောင့် လူ‌ေ-သဆုံးမှုမရှိသေးကြောင်းသိရသည်။

နူးဒေလီရှိအချို့နေရာများသည် အပူချိန်ပြင်းထန်လွန်းချိန်ကလည်း ရေရှားပါးမှုဒဏ်ကိုခံခဲ့ရပြီး နူးဒေလီ ရေဝန်ကြီးက ရေပိုမိုရရှိရေးအတွက် အစာငတ်ခံဆန္ဒပြတောင်းဆိုသည်အထိပင်ဖြစ်ခဲ့သည်။

ဒေလီနှင့်အနီးတစ်ဝိုက်ရှိဒေသများသည် ယမုံနာမြစ်ရေကိုသာအဓိကအားထားနေရခြင်းဖြစ်သည်။အိန္ဒိယသည် ရာသီဥတုပြောင်းလဲမှုဒဏ်အားခံစားနေရသည့်အချိန်ကပိုများပြီး မကြာသေးမီကလည်း အာသံပြည်နယ်၌ မိုးကြီးရေလျှံမှုကြောင့် ၇၉ ဦး‌ေ-သဆုံးကာ ထောင်နှင့်ချီ၌ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသေးသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here