Wednesday, January 15, 2025

အပူဆုံးအချိန် Heat Stroke ဖြစ်နိုင်မည့်...

လက်ရှိ ဆောင်းတွင်းကာလ အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များကို သတိထားကြရန်နှင့် အပူဆုံးအချိန်တွင် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို အသိရှိရှိကာကွယ်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင်...

ထိုင်လျှက်ဖြင့်ဘဝနတ်ထံလွန်‌တော်မူခဲ့သည့် ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ် ဘဒ္ဒန္တ ပညာသာရသည် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား...
HomeInternationalဂါဇာအကူအညီပေးရေးလုပ်ငန်းများ မကြာမီရပ်ဆိုင်းတော့မည်ဟု အမေရိက...

ဂါဇာအကူအညီပေးရေးလုပ်ငန်းများ မကြာမီရပ်ဆိုင်းတော့မည်ဟု အမေရိက ပြော

ဝါရှင်တန်၊ဇူလိုင် ၁၂

ရာသီဥတုဆိုးရွားမှုနှင့် အကူအညီများကို ဖြန့်ဖြူးရာ၌ ပြဿနာများရှိခြင်းကြောင့် ဂါဇာကမ်းရိုးတန်းရှိ အမေရိကန်စစ်တပ်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးပို့ရေးဆိပ်ခံတံတားကို မကြာမီပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ကပြောကြားခဲ့သည်။

လူ ၂ ဒသမ ၃ သန်းရှိသော ဂါဇာကမ်းမြောင်ဒေသ၌ အငတ်ဘေးဖြစ်ပွားနေချိန်တွင် အကူအညီများပေးပို့ရန်အတွက် ဆိပ်ခံတံတားထားရှိရန်စီစဉ်နေကြောင်း ဘိုင်ဒင်က မတ်လတွင်ကြေငြာခဲ့သည်။

အဆိုပါတံတား၌ မေလကစတင်၍ လုပ်ငန်းများလည်ပတ်ခဲ့ပြီး ဂါဇာကမ်းရိုးတန်းနယ်မြေတစ်ခုသို့ မက်ထရစ်တန်ချိန် ၈,၁၀၀ ရှိသည့်အကူအညီများ ကို ယူဆောင်ပေးနိုင်ခဲ့သော်လည်း မီတာ ၃၇၀ ရှည်လျားသည့် အဆိုပါရေပေါ်ဆိပ်ခံတံတားကို ရာသီဥတုဆိုးရွားမှုကြောင့် အကြိမ်ပေါင်းများစွာဖယ်ရှားခဲ့ရသည်ဟုလည်းသိရသည်။

လုံခြုံရေးစိုးရိမ်ရမှုများကြောင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဇွန်လ၌ ၎င်း၏လုပ်ငန်းလည်ပတ်မှုကို ခေတ္တရပ်ထားရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းအများအပြားသည် ဆာလောင်မွတ်သိပ်နေသည့်ဂါဇာသို့မရောက်ရှိသေးကြောင်းသိရသည်။

ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူကမူ စစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ဆိပ်ခံတံတားကို ပြန်လည်ကျောက်ချရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းပြောကြားခဲ့ပြီး နောက်တစ်ကြိမ်ပြန်လည်ကျောက်ချရန် ရက်အသစ်သတ်မှတ်ထားခြင်းမျိုးမရှိသေးသကဲ့သို့ ကြိုးပမ်းမှုကို မကြာမီရပ်ဆိုင်းတော့မည်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူဆုံးအချိန် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို ကာကွယ်ရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင် အသိပေးထား

လက်ရှိ ဆောင်းတွင်းကာလ အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များကို သတိထားကြရန်နှင့် အပူဆုံးအချိန်တွင် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို အသိရှိရှိကာကွယ်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်း ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးရေးသားထား သည်။ လတ်တလောအချိန်တွင် အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များ သတိထားကြရန်နှင့် အအေးဆုံးအချိန်မှာ နံနက် စောစော (၂) နာရီမှ (၇) နာရီလောက်အထိ အအေးဆုံးအချိန်များဖြစ်ပြီး အပူဆုံးအချိန်မှာ နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီကျော်သည်အထိ ဖြစ်နေတတ်ကြောင်း ၎င်းက...

ထိုင်လျှက်ဖြင့်ဘဝနတ်ထံလွန်‌တော်မူခဲ့သည့် ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ် ဘဒ္ဒန္တ ပညာသာရသည် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ ၄၀ မိနစ်က ထိုင်လျှက်အနေအထားဖြင့် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည်။ ဆရာတော်ကြီးသည် သီတင်းသုံးနေထိုင်တော်မူလျှက်ရှိသည့် ဇောတိကာရုံကျောင်းဆောင်တွင် ထိုင်လျှက်အနေအထားဖြင့် ဓူတင်ကျင့်ဆောင်တော်မူနေစဥ် ရုတ်တရက်ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ပျံလွန်တော်မူသွားခဲ့သည့် ထိုင်ခုံပေါ်တွင်ထားရှိကာ ယင်း ထိုင်ခုံအား မှန်ဖြင့်ကာရံ၍ (၇)ရက်တိုင်အပူဇော်ခံထားရှိမည်ဖြစ်သည်။ ဆရာတော်ကြီးသည် ကျန်းမာရေးကောင်းမွန်ကာ ဆေးကုသနေရခြင်းမရှိဘဲ နေ့စဥ် ဆွမ်းခံကြွတော်မူလေ့ရှိပြီး ဒကာ၊ ဒကာမများအား တရား ဟောကြားမှုများကို အစဥ်ပြုလုပ်တော်မူလေ့ရှိပြီး...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု ဆိူ

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်နိုင်သည်ဟု ဆိုသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို မြန်မာနိုင်ငံအနှံ့အပြား မြေပေါ်တွင်လည်းကောင်း၊ မြေအောက်မှ လည်းကောင်း၊ ရေပေါ် ရေအောက်တွင်လည်းကောင်း ရှေးဟောင်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့် နေရာများ၌ သုတေသနပြုလေ့လာခြင်းများမှ တွေ့ရှိရခြင်း၊ထွန်ယက်စိုက်ပျိုးခြင်း၊ ကျင်းတူးခြင်း၊ စသည့်လုပ်ငန်းများ ဆောင်ရွက်စဉ် မတော်တဆ တွေ့ရလေ့ရှိတတ်သည်ဟုဆိုသည်။ ထိုသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071