အိန္ဒိယ၊ထိုင်း၊မြန်မာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်

0
118

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပနေသည့်ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အိန္ဒိယ၊ထိုင်း၊မြန်မာ သုံးပွင့်ဆိုင် အစည်းအဝေးကို ဇူလိုင် ၁၁ ၊ ကြာသပတေးက ကျင်းပခဲ့သည်။

အဆိုပါနိုင်ငံခြားရေးဝန်ကြီးများ၏သုံးပွင့်ဆိုင်တွင် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျေးရှန်ကာက”ဆိုက်ဘာ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်များ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တန်ပြန်နှိမ်နင်းရေးသည် နိုင်ငံသုံးနိုင်ငံလုံး၏ တူညီသော ဦးစားပေးဖြစ်ကြောင်း” အလေးပေးပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့ မိတ်ဖက်ဖြစ်တဲ့ ထိုင်း နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးများနဲ့ သုံးနိုင်ငံတွေ့ဆုံပွဲ ကျင်းပခဲ့ရာမှာ BIMSTEC ၏အနာဂတ်အတွက် အလွန်အရေးကြီးသောကျွန်ုပ်တို့ ချိတ်ဆက်ထားတဲ့ပရောဂျက်များကို အဓိကထား ဆွေးနွေးပါတယ်။ နယ်စပ်တည်ငြိမ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဆိုင်ရာ အမြင်ချင်းတွေလည်းဖလှယ်ခဲ့ကြပါတယ်” ဟု EAM ဂျေးရှန်ကာ က X တွင် ပြောကြားခဲ့သည်။

“ဆိုက်ဘာ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်များ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းရေးသည် သုံးနိုင်ငံလုံး၏ ဦးစားပေးဖြစ်သလိုဒီကိစ္စနဲ့ ပတ်သက်လို့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

Ref: theprint.in


LEAVE A REPLY

Please enter your comment!
Please enter your name here