မြန်မာ့နှင့် အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲ ဒုတိယပွဲစဥ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျ

0
190

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းတို့ ယနေ့ဇူလိုင် (၁၂)ရက်တွင် ခြေစမ်းပွဲ ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် တစ်ဂိုးစီသွင်းယူကာ သရေရလဒ်ရရှိခဲ့ကြသည်။

အဆိုပါ အသင်း (၂) သင်းသည် ဖီဖာနိုင်ငံတကာအသိမှတ်ပြု ဒုတိယခြေစမ်းပွဲအဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယနေ့ညနေ (၄)နာရီက ကစားခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးလက်‌ရွေးစင် ဘောလုံးအသင်းအတွက် ဂိုးကို ဝင်းသိန္ဂီထွန်းက သွင်းယူပေးခဲ့ပြီး အိန္ဒိယအသင်းအတွက် ဂိုးကို Pyari XaXa က သွင်းယူခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်ကို နိုင်ငံပိုင်ရုပ်သံလိုင်းများဖြစ်သော MRTV Channel နှင့် MRTV sports channel တို့မှ ညနေ ၃နာရီ ၄၅ မိနစ်မှစ၍ တိုက်ရိုက်ထုတ်လွှင့်ပေးသွားခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဖီဖာနိုင်ငံတကာအသိမှတ်ပြုခြေစမ်းပွဲ ပထမပွဲစဉ်အဖြစ် ဇူလိုင် (၉)ရက်နေ့ကလည်း အိန္ဒိယ အမျိုးသမီးလက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ကာ (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိထားသည်။

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီ တက်ဆုရိုက ကိုင်တွယ်လျက်ရှိကာ လက်ရွေးစင်အသင်းများ အဆောင်တွင် ကစားသမား (၃၀) ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်ပြီး ခြေစမ်းပွဲများ ကစားနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here