အိန္ဒိယ တွင် ထိုင်းနှင့်မြန်မာ သီးသန့်ဆွေးနွေး

0
204

အိန္ဒိယ တွင် ကျင်းပနေသည့် BIMSTEC ပွဲသို့ရောက်ရှိနေသောပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ နှင့်ထိုင်းနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ မာရစ် ဆီယမ်ပွန်န် တို့သည် ဇူလိုင် ၁၁ရက်နေ့က သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အထူးအားဖြင့် နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို တိုက်ဖျက်ရာတွင် နှစ်ဖက် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက် ဆွေးနွေးခဲ့ကြသည်။

မာရစ်သည် နီပေါ၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ကနေဒါနိုင်ငံတို့၏ သံအမတ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။၄င်း သည် ယခင်က နိုင်ငံခြားရေး ဝန်ကြီးဟောင်း ပန်ပရီ ၏ အကြံပေးတစ်ဦးဖြစ်သည်။

ပြီးခဲ့သည့် ၂လက နုတ်ထွက်စာတင်ခဲ့သော ပန်ပရီ၏နေရာကို အစားထိုးတာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းသည် ပဋိပက္ခများဖြစ်နေသော မြန်မာနိုင်ငံအတွက် ကြားနေညှိနိူင်းပေးသောကိစ္စများတွင် တက်ကြွစွာဆောင်ရွက်ပေးနေသဖြင့် အရေးပါသော သံတမန်ခင်းများကို လုပ်ဆောင်လျှက်ရှိနေခြင်းဖြစ်သည်။

လတ်တလော မြန်မာ-ထိုင်း နယ်စပ်တွင် တရားမဝင်လောင်းကစားမှုများ၊ အွန်လိုင်းလိ-မ်လည်မှု ဂိုဏ်းများတွင် အဓ္ဓမခိုင်းစေခံနေရသည့် နိုင်ငံစုံမှ နိုင်ငံခြားသားများ ရှိနေသဖြင့် နိုင်ငံတကာကလည်း အထူးအာရုံစိုက်လျှက်ရှိနေပြီး မြန်မာ- ထိုင်း ပူးပေါင်းဖြေရှင်းနေရခြင်းများရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here