ဟုမ္မလင်းမြို့ပေါ်ရှိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ဆန်အိတ်များထောက်ပံ့

0
219

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်ရှိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ ဇူလိုင်(၁၁)ရက်က ဆန်အိတ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“ဟုမ္မလင်းမြို့ အမက(၁) ကျောင်း၊ မန်မော် ရပ်ကွက်၊တပ်နယ်ခန်းမ၊ မြို့မဘုန်းကြီးကျောင်း၊ ကန်တော်ဦး၊ အဝေရာတောင်၊ ဗုဒ္ဓဝင်ဥယျာဥ်က အေးသုခဇရပ် စတဲ့ ရေဘေးရှောင် ပြည်သူ (၆ဝ၆)ဦးအတွက် ဆန်အိတ်ထောက်ပံ့တာပါ။(S-N-A) အမျိုးသား တပ်မတော်ကထောက်ပံ့တဲ့ဆန်အိိတ် (၅၈)အိတ်၊ အိမ်ထောင်စု၊ မိသားစုတစ်စုကို ဆန်(၂)ပြည်နှုန်းထောက်ပံ့ပေးခဲ့တာပါ”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟုမ္မလင်းမြို့ပေါ်ရပ်ကွက် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီမှ ရေဘေးသင့် မြေနိမ့်ပိုင်းအရပ်မှ ဘေးလွတ်ရာကုန်းမြင့် ဒေသများရှိ ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်း (၁၅) ခုတို့နှင့် ကျေးရွာအုပ်စုများသို့ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်ထက် ၁၇၃ စင်တီမီတာမြင့်တက်လျက်ရှိပြီး စတင်ဝင်ရောက်သည့် ဇူလိုင်လ (၃)ရက်မှ (၁၁)ရက်အထိ ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင်ရေဝင်ရောက်လျက်ရှိနေပြီး ယနေ့တွင်တော့ ရေကျလာနေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here