ရန်ကုန်မြစ်အတွင်း သဗ္ဗာန်တိမ်းမှေ-ာက်မှုမှ ပျောက်ဆုံးနေသူများအနက် (၆)ဦး၏ ရုပ်အလေ-ာင်းများ ပြန်လည် တွေ့ရှိ

0
405

ဇူလိုင်လ (၁၀) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရန်ကုန်မြစ်အတွင်း သမ္ဗာန်တိမ်းမှေ+ာက်မှုမှ ပျောက်ဆုံးနေသူ(၈) ဦးအနက် (၆) ဦး၏ ရုပ်အလော-င်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

လူ (၁၇) ဦး စီးနင်းလိုက်ပါလာသည့် သမ္ဗာန်(၁)စီးသည် ဇူလိုင်လ (၁၀) ရက် နံနက် (၈) နာရီဝန်းကျင်က ဗားကရာဆိပ်ကမ်းနှင့် ရေမိုင်(၅)ဖာလုံခန့်အကွာ ရန်ကုန်မြစ်အတွင်း၌ တွဲသင်္ဘောကို တိုက်မိပြီး တိမ်းမှော-က်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သမ္ဗာန်တိမ်းမှော-က်မှုကြောင့် ကျောင်းသား(၃) ဦးနှင့် ပြည်သူ(၅) ဦး ပျောက်ဆုံးလျက်ရှိရာ ယနေ့ ဇူလိုင်လ (၁၂) ရက်တွင် က-လေ-း(၂) ဦးနှင့် လူကြီး(၄) ဦး၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသည့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

“ရန်ကုန်မြစ်အတွင်း သမ္ဗာန်မှေ-ာက်ရာတွင် ပျောက်ဆုံးနေသော (၈) ဦးအား ကြည့်မြင်တိုင်မြို့နယ် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်း၊ ရွှေတိုင်လူမှုကူညီရေးပရဟိတ ညီအကို/မောင်နှများအသင်းတို့ ပူပေါင်းပြီး ရန်ကုန်မြစ်အတွင်း တတိယနေ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ အမျိူးသား (၅) ဦး၊ အမျိုးသမီး (၁)ဦး ပြန်ရှာတွေခဲ့ပါတယ် “ဟု စံပြလူမှုကူညီရေးပရဟိတလူငယ်အသင်းက ဆိုထားသည်။

အဆိုပါ ပျောက်ဆုံးနေသူများသည် ကြည့်မြင်တိုင် တစ်ဘက်ကမ်းရှိ ငစင်နှင့် ဦးမြရွာဘက်မှဟု သိရပြီး လက်ရှိ သဗ္ဗာန်တိမ်းမှော-က်မှုနှင့် ပတ်သက်၍ ဂိတ်မှူးနှင့် စက်လှေမောင်းသူကို သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းက ခေါ်ဆောင်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here