ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

0
292

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်လျက်ရှိရာ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် (၁၂) ရက်က နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခန္တီးမြို့နယ်၊ ဇီးကုန်းရပ်ကွက်၊ နာဂရိုးရာကွင်း၊ နှစ်ချင်းအသင်းတော် ခရစ်ယာန်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ဇီးဖြူကုန်း) နှင့် နားမေတ္တာရပ်ကွက်တို့ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် မြစ်ရေကြီးမှုနှင့် အတူပါရှိလာသည့် နှုံး၊ သဲနှင့်အ မှိုက်များအား ဖယ်ရှားရှင်းလင်းကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ဇူလိုင် (၄)ရက်မှ စတင်၍ မြစ်ရေဝင်ရောက်နေခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ရေပြန် မကျသေးသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နေရပြီး လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ ဇူလိုင်လ ဒုတိယ (၁၀) ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ဒုတိယပတ်အတွက် မြစ်ရေ အခြေအနေ ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

ထို့ကြောင့် အလယ်ပိုင်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနှင့် မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာတို့အပြင် င်္ဟသာတနှင့် ဇလွန်မြို့မတို့တွင်လည်း လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ကြောင်းလည်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here