ပြောင်းဖူးစေ့ အဝင်နည်း၍ လက်ကျန်နည်းသော်လည်း ပြည်ပတင်ပို့ရန် ဝယ်ယူမှုများရှိနေ

0
171

ဇူလိုင်လ ဒုတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်ဈေးကွက်သို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြောင်းဖူးစေ့များ ဝင်ရောက်မှုနည်းလာကြောင်း မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သိရသည်။

ယင်းကဲ့သို့ အဝင်နည်းလာခြင်းကြောင့် ဈေးကွက်လက်ကျန်လည်းနည်းလာပြီး ပြည်ပတင်ပို့ရန် စာချုပ်လက်ကျန်ရှိသည့် Exporter များ ဝယ်ယူမှုများရှိနေကာ မန္တလေးဆိပ်ကမ်းမှ နေ့စဉ်တင်ပို့မှု ရှိနေကြောင်း သိရသည်။

ပြောင်းဖူးစေ့(ဗမာ) ၅၄ ပိဿာဝင် တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၆၈၀၀၀ မှ ၆၉၀၀၀ကျပ်၊ ယခင်တစ်ပတ်တွင်ကျပ် ၆၆၀၀၀မှ ၆၇၀၀၀ ကျပ်၊ ယခင်လတွင်ကျပ် ၆၅၀၀၀ မှ ၆၀၀၀၀ ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ရှမ်းပြောင်း ၅၄ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၇၁၅၀၀ မှ ၇၂၅၀၀ကျပ်၊ ယခင်တစ်ပတ်တွင်ကျပ် ၆၈၀၀၀မှ ၇၀၀၀၀၊ ယခင်လတွင်ကျပ် ၆၉၀၀၀ မှ ၇၀၀၀၀ ကျပ်ဖြစ်ပြီး၊ ယခင်တစ်ပတ်ထက် ကျပ်၂၅၀၀ မှ ၃၅၀၀ ကျပ်၊ ယခင်လထက် ကျပ် ၂၅၀၀ ဈေးမြင့်လာကြောင်း သိရသည်။

ပြောင်းဖူးစေ့(စီပီ) ၅၄ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၇၀၀၀၀မှ ၇၂၀၀၀ ကျပ်၊ ယခင်တစ်ပတ်တွင် ကျပ် ၆၈၀၀၀မှ ၇၀၀၀၀၊ ယခင်လတွင် ကျပ် ၆၉၀၀၀ မှ ၇၀၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ ၊ ယခင်လထက် ကျပ် ၁၀၀၀မှ ၂၀၀၀ ခန့်ဈေးမြင့်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here