အမေရိကန်ရဲ့ ဖိအားတွေကို လက်ခံမှာ မဟုတ်ကြောင်း အီရန်ရွေးကောက်ခံသမ္မတ ပြောဆိုပြီး ရုရှားနဲ့တရုတ်ကို ချီးကျူး

0
310

အီရန်နိုင်ငံဟာ ဖိအားတွေကို လိုက်လျောမှာ မဟုတ်ဘူးဆိုတာကို အမေရိကန်အနေနဲ့ နားလည်သဘောပေါက်သင့်ကြောင်း ရွေးကောက်ခံ သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က စနေနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ ယင်းထုတ်ပြန်ချက်အတွင်း သူ့နိုင်ငံရဲ့ တရုတ်၊ ရုရှားတို့နဲ့ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးကိုလည်း သူက မီးမောင်းထိုးပြခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ သဘောထားတင်းမာတဲ့ ပြိုင်ဘက်ကို အနိုင်ယူခဲ့တဲ့ အတော်အသင့်သဘောထားပျော့ပျောင်းသူဖြစ်သော ပီဇက်ရှ်ကီယန်က အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်တွေ ရရှိရေးကြိုးပမ်းမှာ မဟုတ်ဘူးလို့လည်း ထပ်လောင်းပြောဆိုခဲ့သလို အစိုးရဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးချဲ့သွားမှာဖြစ်ကာ ဥရောပနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ ဆိုခဲ့ပါတယ်။

တီဟီရန်တိုင်းမ်နေ့စဉ်သတင်းစာမှာ ဖော်ပြခဲ့တဲ့ “ကမ္ဘာသစ်သို့ “ကျွနု်ပ်ရဲ့ သတင်းစကား” လို့ အမည်ပေးထားတဲ့ ထုတ်ပြန်ချက်မှာ ပီဇက်ရှ်ကီယန်က သု့ရဲ့ မူဝါဒရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး ယင်းသို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

အသက် ၆၉ နှစ်အရွယ် နှလုံးခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်တဲ့ ပီဇက်ရှ်ကီယန်က လက်တွေ့ကျသော နိုင်ငံခြားရေးမူဝါဒကို မြှင့်တင်သွားမှာဖြစ်ကြောင်း၊ လက်ရှိမှာ စေ့စပ်ဆွေးနွေးမှုတွေ ရပ်တန့်နေတဲ့ အင်အားကြီးနိုင်ငံတွေနဲ့ ၂၀၁၅ နျူကလီးယားသဘောတူညီချက်စာချုပ် ပြန်အသက်သွင်းရေးနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြေလျှော့သွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

သို့ပေမယ့် အီရန်နိုင်ငံမှာ သမ္မတမဟုတ်တဲ့ ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီက အာဏာစက်အမြင့်ဆုံးဖြစ်တာကြောင့် ပီဇက်ရှ်ကီယန်အနေနဲ့ သူ့ရဲ့ ရွေးကောက်ပွဲမဲဆွယ် ကတိကဝတ်တွေကို အပြည့်အ၀ ဖြည့်ဆည်းနိုင်ရေးနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံသားအများအပြားက သံသယရှိကြပါတယ်။

စိန်ခေါ်မှုတွေ ကြုံရစဉ်အတွင်း တရုတ်နဲ့ ရုရှားတို့ဟာ မိမိတို့ဘက်မှ အစဉ်တစိုက် ရပ်တည်ခဲ့ကြကြောင်းနဲ့ ဒီရင်းနှီးတဲ့ ဆက်ဆံရေးကို တန်ဖိုးထားကြောင်းလည်း သူက ပြောဆိုပါတယ်။ ရုရှားဟာ အီရန်နိုင်ငံအတွက် တန်ဖိုးရှိသော မဟာဗျူဟာမြောက် မဟာမိတ်ဖြစ်ပြီး မိမိ အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့နဲ့ မြှင့်တင်သွားဖို့ရာ ဆက်လက်ကတိပြုတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

Ref: Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here