ရန်ကုန်မြစ်အတွင်း သဗ္ဗာန်တိမ်းမှော-က်မှုမှ ပျောက်ဆုံးနေသူ (၈) ဦး၏ ရုပ်အလေ-ာင်းများ ပြန်တွေ့

0
170

ဇူလိုင်လ (၁၀) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရန်ကုန်မြစ်အတွင်း သမ္ဗာန်တိမ်းမှော-က်မှုမှ ပျောက်ဆုံးနေသူ(၈) ဦး ၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိပြီဖြစ်‌ကြောင်း ဇူလိုင် (၁၃)ရက်တွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အသိပေး ထုတ်ပြန်ထားသည်။

ဇူလိုင် (၁၀) ရက် နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ် ၊ ဗားကရာ ဆိပ်ကမ်းနှင့် ရေမိုင် (၅) ဖာလုံအကွာ ရန်ကုန်မြစ်အဘတွင်း၌ ခရီးသည် (၁၇) ဦး လိုက်ပါစီးနင်းလာသည့် သမ္ဗာန်တစ်စီး တိမ်းမှော-က်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သမ္ဗာန်တိမ်းမှော-က်မှုတွင် ခရီးသည် (၁၇) ဦးအနက် (၉) ဦးကို အခင်းဖြစ် နံနက်ပိုင်းတွင် ကယ်ဆယ်နိုင်ခဲ့ပြီး (၈) ဦးမှာ ပျောက်ဆုံးနေခဲ့သည့်အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

ယင်းသို့ ရှာဖွေလျက်ရှိရာ အသက် (၂၁)နှစ်အရွယ်၊ ကျား (၁)ဦး၏ ရုပ်အလေ-ာင်းအား သီလဝါဆိပ်ကမ်းအနီး သောင်ပြင်တွင်လည်းကောင်း၊ အသက် (၂၀)နှစ်အရွယ် မ(၁)ဦး၏ ရုပ်အလော-င်းအား ပန်းဆိုးတန်းတံတားအနီးတွင် လည်းကောင်း၊ အမည်မသိ(ရုပ်အလော-င်း) အား ငါးစင်သမ္ဗာန်ဆိပ်ကမ်းအနီးတွင်လည်းကောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး ပရဟိတအသင်းများမှ ယာဉ်များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့‌ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အလားတူ ယမန်နေ့ ဇူလိုင် (၁၂) ရက်ကလည်း (၁၂)နှစ်အရွယ် မငယ် (၁)ဦးအား သန်လျင်ရေနံချက်စက်ရုံ ဘောတံတားအနီးတွင်လည်းကောင်း၊ (၂၀)နှစ်အရွယ် ကျားငယ် (၁) ဦးအား ပုစွန်တောင်ချောင်းဝ အနီးတွင်လည်းကောင်း၊ (၄၂) နှစ်အရွယ်ကျား(၁)ဦးအား ပုစွန်တောင်ချောင်းဝအနီးတွင်လည်းကောင်း၊ (၁၈)နှစ်အရွယ် ကျားငယ်(၁)ဦးအား ဆိပ်ကြီးဆိပ်အနီးတွင် လည်းကောင်း၊ (၁၆)နှစ်အရွယ်ကျားငယ် (၁)ဦးအား သာကေတ(PT Power)ဆိပ်ကမ်းအနီးတွင် စုစုပေါင်း(၅)ဦးတို့အား ရှာဖွေတွေ့ရှိခဲ့ပြီး ပရဟိတအသင်းများမှ ယာဉ်များဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ သဗ္ဗာန်မှော-က်ပြီး ပျောက်ဆုံးနေသည့် (၈)ဦးတွင် ကျောင်းသား (၃)ဦးနှင့် ခရီးသည် (၅)ဦးပါပြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ငစင်နှင့် ဦးမြရွာ ၌ နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here