ဂျော့ရှူအာဗန်နှင့် ချားလ်ဂျွန်ဆင် တို့ သတ်မှတ်ဝိတ်အတွင်း ဝင်ရောက်သဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည်

0
195

ပြိုင်ဘက်ကစားသမားများဘက်မှ အကြောင်းအမျိုးမျိုးကြောင့် ပွဲပျက်နေရသည့် ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှူအာဗန်နှင့် ချားလ်ဂျွန်ဆင်တို့မှာ သတ်မှတ်ဝိတ်အတွင်း ဝင်ရောက်ခဲ့ပြီဖြစ်သဖြင့် ယှဉ်ပြိုင်ထိုးသ-တ်သွားကြတော့မည်ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် ယမန်နေ့က ဝိတ်ချိန် ဆေးစစ်မှုများ ပြုလုပ်ခဲ့ကြပြီး နှစ်ဦးစလုံးသတ်မှတ်ဝိတ်အတွင်း ဝင်ရောက်နိုင်ခဲ့ခြင်းကြောင့် ပွဲထိုးရန်သေချာသွားပြီ ဖြစ်သည်။

ဂျော့ရှူအာဗန်သည် UFC flyweight သတ်မှတ်ဝိတ်တန်းဖြစ်သည့် 125lbs ဖြစ်ကာ ပြိုင်ဘက် ချားလ်ဂျွန်ဆင်မှာ
125.5lbs ရှိပြီး UFC ပွဲစဉ်သတ်မှတ်ချက်အရ ချန်ပီယံခါးပတ်လုပွဲ မဟုတ်ပါက (၁)ပေါင် ကျော်ခွင့်ရှိကြောင်း သိရသည်။

၎င်းတို့နှစ်ဦး၏ ပွဲစဉ်မှာ UFC Fightnight ၏ Prilims ပွဲစဉ်အတွင်း နောက်ဆုံးပွဲစဉ်တွင် ထိုးသ-တ်သွားမည်ဖြစ်ပြီး ဇူလိုင် (၁၃)ရက် ည(၇)နာရီအချိန်တွင် ထိုးသ-တ်သွားမည်ဟု UFC ၏ အသိပေးချက်တွင် ပါရှိသည်။

Joshua Van အနေဖြင့် ပြိုင်ဘက်ကစား သမားဘက်မှ အကြောင်းအမျိုးမျိုးကြောင့် ပွဲပျက်သွားသူ ပြိုင်ဘက်ကစားသမား (၄)ဦးအထိ ရှိခဲ့ပြီးနောက် ယခု ပွဲစဉ်အား ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here