အစ္စရေးတပ်တွေ ဂါဇာမြောက်ပိုင်းမှ ဆုတ်ခွာချိန် ပါလက်စတိုင်း ရုပ်အလေ-ာင်းများစွာနဲ့ အဆောက်အအုံတွေ ပြားပြားဝပ်ကျန်ခဲ့

0
287

ဂါဇာ အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဧရိယာများစွာကနေ အစ္စရေးတပ် ဆုတ်ခွာသွားခဲ့ပြီးနောက် သောကြာနေ့က ပါလက်စတိုင်း ၅၀ ဦးခန့်ကို ‌ေ-သဆုံးလျက်တွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောဆိုပါတယ်။ ရပ်ကွက်တွေအားလုံးနီးပါးဟာ မီးလောင်ပျက်စီးနေခဲ့ပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကနေ ဒေသခံတွေ ရုန်းထနေကြရတယ်လို့ ဆိုပါတယ်။

ဂါဇာရဲ့ အရပ်ဖက်ကာကွယ်ရေးအဖွဲ့အဆိုအရ အရေးပေါ်လုပ်သားတွေဟာ ဂါဇာစီးတီးရဲ့ အနောက်ဘက်က Talal-Hawa ရပ်ကွက်မှာ ရုပ်အလေ-ာင်း ၅၀ ကနေ ၆၀ လောက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆောက်အအုံ အပျက်အစီးတွေအောက် ပိတ်မိနေခဲ့သူများစွာရှိနေတယ်လို့လည်း ယင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမွတ် ဘာဆယ်က ပြောဆိုခဲ့ပါတယ်။ ဂါဇာစီးတီးရဲ့ အရှေ့ဖျားမှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှူဂျာယာရပ်ကွက်ရှိ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စီအန်အန်က ရရှိခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုအရ ကယ်ဆယ်ရေးလုပ်သားတွေဟာ အဆောက်အအုံ အပြိုအပျက်တွေအကြား ဥဒဟိုသွားလာကာ ရှာဖွေကယ်ဆယ်မှုတွေလုပ်နေကြတာတွေ့ရပါတယ်။ ယင်းမှာ အပျက်အစီးပုံတွေအောက် ‌ေ-သဆုံးနေတဲ့ ပါလက်စတိုင်းတွေရဲ့ ခြေတွေလက်တွေကို တွေ့မြင်ရပြီး ကယ်ဆယ်ရေးသမားတွေက ဒီရုပ်အလော-င်းတွေကို ဆွဲထုတ်ဖို့ ကြိုပမ်းနေခဲ့ကြပါတယ်။

ဂါဇာတိုက်ပွဲတွေ ကိုးလကျော်ကြာလာချိန်မှာ နယ်မြေအတော်များများဟာ အပျက်အစီးပုံအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကနေ ပေါ်ပေါက်လာတဲ့ အစ္စရေးစစ်တပ်ရဲ့ ထိုးစစ်ကြောင့် လူသားချင်းစာနာမှု အကြပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပြီး၊ ကျန်းမာရေးစနစ် ပြိုလဲခဲ့ကာ အစားအစာနဲ့ရေ ပြတ်တောက်မှုတွေဖြစ်နေခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသအနှံ့ အငတ်ဘေးအခြေအနေ ကျယ်ပြန့်စွာဖြစ်နေတယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ သတိပေးခဲ့ပြီး အစ္စရေးရဲ့ ကန့်သတ်ချက်တွေကြောင့် စစ်ပွဲကနေ အသက်ရှင်လွတ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ ပါလက်စတိုင်းတွေထံ အကူအညီတွေ မထောက်ပံ့နိုင်ဖြစ်နေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောဆိုခဲ့ပါတယ်။

Ref: စီအန်အန်


LEAVE A REPLY

Please enter your comment!
Please enter your name here