ပဲရစ်အိုလံပစ်ပွဲတော်တွင် သက်ထားသူဇာ ကမ္ဘာအဆင့်သတ်မှတ်ချက် (၅)နှင့် အဆင့်(၃၁) ရှိသူနှစ်ဦးဖြင့် ယှဉ်ပြိုင်ရမည်

0
142

မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာအနေဖြင့် ပဲရစ်အိုလံပစ်ပွဲတော်တွင် ကမ္ဘာအဆင့်သတ်မှတ်ချက် (၅)နှင့် (၃၁)အဆင့် ရှိသူနှစ်ဦးဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ဘက်ကစားသမားနှစ်ဦးမှာ ဂျပန်ကစားသမား Akane Yamaguchi နှင့် ကနေဒါ ကစားသမား Michelle Li တို့ဖြစ်သည်။

” Round Robin system (၂) ယောက်လုံးနဲ့ ရိုက်ရမှာပါ။ Olympic မှာ ကိုယ်ပိုင်အရည်အချင်းနဲ့ Qualify ဖြစ်တဲ့ ကစားသမားတွေဖြစ်တဲ့အတွက် ပွဲတိုင်းကတော့လွယ်လွယ်နဲ့ အနိုင်ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သက်ထားကတော့ သက်ထားရိုက်ရမယ့် ပွဲတိုင်းကို အကောင်းဆုံးကြိုးစားပြီး ကစားခဲ့မှာပါ။ အားလုံးလဲ သက်ထားကို အားပေးမယ်လို့မျှော်လင့်ပါတယ်”ဟု သူမက ဆိုထားသည်။

ယမန်နေ့ ဇူလိုင်(၁၂)ရက်က ပဲရစ်အိုလံပစ်၏ ပြိုင်ပွဲဝင်ကစားကြမည့် အုပ်စု (၁၆)စု ရှိသည့်အနက် အုပ်စု(C)တွင် သက်ထားသူဇာ ပါဝင်လာခဲ့ခြင်းလည်း ဖြစ်သည်။

ပဲရစ် အိုလံပစ်ပြိုင်ပွဲသို့ဝင်ရောက်ရန် အဆင့်သတ်မှတ်ချက် (၃၆)အထိ ခွင့်ပြုထားရာ သက်ထားသူဇာအနေဖြင့် နိုင်ငံတကာ လက်ရည်စမ်းပွဲများမှ ရမှတ် (၃၂,၆၃၀)မှတ်ဖြင့် အဆင့်ရပ်တည်မှု (၂၂ )နေရာတွင် ရရှိခဲ့ခြင်းကြောင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ သူမသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က အသိအမှတ်ပြုသည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၄၂) နေရာတွင်လည်း ရပ်တည်နေသူတစ်ဦးဖြစ်သည်။

ပဲရစ်အိုလံပစ်ပွဲတော်အား ယခု ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဩဂုတ်လအထိ သုံးလကြာကျင်းပပြုလုပ်မည်ဖြစ်ပြီး သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့် တိုကျိုအိုလံပစ်ကိုလည်း ယှဉ်ပြိုင်ထားရာ ယခုအကြိမ်နှင့်ဆိုလျှင် အိုလံပစ်ဝင်ပြိုင်ခွင့် နှစ်ကြိမ်ဆက်တိုက်ရရှိထားသူဖြစ်သ ည်။

သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲများဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် အသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုများဆွတ်ခူးနိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး အမျိုးသမီး ကြက်တောင်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here