Wednesday, January 15, 2025

ထိုင်လျှက်ဖြင့်ဘဝနတ်ထံလွန်‌တော်မူခဲ့သည့် ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ် ဘဒ္ဒန္တ ပညာသာရသည် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား...

ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola...

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းများ၏ ဝတ်စုံစပွန်ဆာ အဖြစ် ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့် နှစ်ဖက်သဘောတူညီမှု MoU...
HomeNewsLocal Newsရန်ကုန်တွင် ဝမ်းရောဂါ ကူးစက်ခံရသူ...

ရန်ကုန်တွင် ဝမ်းရောဂါ ကူးစက်ခံရသူ လူနာသစ် (၁၀၄)ဦးထပ်တွေ့

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယမန်နေ့ ဇူလိုင်လ (၁၂)ရက်က ဝမ်းရောဂါကူးစက်ခံရသူ လူနာသစ် (၁၀၄) ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း ဝမ်းရောဂါ ဖြစ်ပွားသူ ရာနှင့်ချီကာရှိနေပြီး အဆိုပါလူနာများထဲမှ ထက်ဝက်ဝန်းကျင် ဆေးရုံမှပြန်ဆင်းသွားကြပြီဖြစ်သည့်အပြင် ကျန်လူနာများမှာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်းဝန်ကြီး ဌာနမှ အသိပေးထားသည်။

ဝမ်းရောဂါဖြစ်ပွားသူ တွေ့ရှိနှုန်းအနေဖြင့် ဇူလိုင်လ (၁၁) ရက်တွင် (၈၄)ဦးတွေ့ရှိခဲ့ပြီး ဇူလိုင်လ (၁၀)ရက်တွင် (၁၁၅) ဦး ၊ ဇူလိုင်လ(၉)ရက်တွင် (၆၄)ဦး၊ ဇူလိုင် (၈) ရက်တွင် လူနာသစ် (၆၀)၊ဇူလိုင် (၇) ရက်တွင် ဆေးရုံတက်ရောက် ကုသသူလူနာသစ် (၄၄) ဦး၊ ဇူလိုင် (၆) ရက်တွင် လူနာသစ် (၆၃) ဦး ရှိခဲ့ကာ ယမန်နေ့ ဇူလိုင်(၁၂) ရက်တွင် (၁၀၄)ဦးရှိလာခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ရောဂါ စတင်ဖြစ်ပွားချိန်မှ ဇူလိုင် (၁၂)ရက်အထိ ဆေးရုံဆင်းလူနာစုစုပေါင်း (၃၆၄)ဦးရှိကြောင်း သိရသည်။

လက်ရှိတွင်ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း ကျန်းမာရေး အသိပညာပေးခြင်း၊ ပိုစတာများ ကပ်၍ အသိပညာပေးခြင်းတို့ကို ဗိုလ်တထောင်မြို့နယ်၊ တာမွေမြို့န ယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့ရှိ ဈေးများတွင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်သူ့ကျ န်းမာရေးဌာနသည် မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင်စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိ ကြောင်းလည်း ကျန်းမာရေး ဝန်ကြီး ဌာနမှ အသိပေးထားသည်။

ဈေးများမှတဆင့်လည်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုအား Checklist များအသုံးပြု၍ စစ်ဆေးပြီး လိုအပ်ချက်များအား အမြန်ဆုံးဖြည့်ဆည်းပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့ဆေးရုံကြီးများတွင်လည်း ဝမ်းပျက်ဝမ်းလျှော ရော ဂါလူနာများအား လိုအပ်သော ဆေးကုသမှုရရှိစေရေးအတွက် စနစ်တကျ ဆေးကုသမှုပေးလျက်ရှိပြီး ဆေးဝါးများကိုလည်း ပံ့ပိုးပေးခြင်းနှင့် ရောဂါပိုးထိန်းချုပ်ခြင်းလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်လျှက်ဖြင့်ဘဝနတ်ထံလွန်‌တော်မူခဲ့သည့် ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ် ဘဒ္ဒန္တ ပညာသာရသည် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ ၄၀ မိနစ်က ထိုင်လျှက်အနေအထားဖြင့် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည်။ ဆရာတော်ကြီးသည် သီတင်းသုံးနေထိုင်တော်မူလျှက်ရှိသည့် ဇောတိကာရုံကျောင်းဆောင်တွင် ထိုင်လျှက်အနေအထားဖြင့် ဓူတင်ကျင့်ဆောင်တော်မူနေစဥ် ရုတ်တရက်ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ပျံလွန်တော်မူသွားခဲ့သည့် ထိုင်ခုံပေါ်တွင်ထားရှိကာ ယင်း ထိုင်ခုံအား မှန်ဖြင့်ကာရံ၍ (၇)ရက်တိုင်အပူဇော်ခံထားရှိမည်ဖြစ်သည်။ ဆရာတော်ကြီးသည် ကျန်းမာရေးကောင်းမွန်ကာ ဆေးကုသနေရခြင်းမရှိဘဲ နေ့စဥ် ဆွမ်းခံကြွတော်မူလေ့ရှိပြီး ဒကာ၊ ဒကာမများအား တရား ဟောကြားမှုများကို အစဥ်ပြုလုပ်တော်မူလေ့ရှိပြီး...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု ဆိူ

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်နိုင်သည်ဟု ဆိုသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို မြန်မာနိုင်ငံအနှံ့အပြား မြေပေါ်တွင်လည်းကောင်း၊ မြေအောက်မှ လည်းကောင်း၊ ရေပေါ် ရေအောက်တွင်လည်းကောင်း ရှေးဟောင်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့် နေရာများ၌ သုတေသနပြုလေ့လာခြင်းများမှ တွေ့ရှိရခြင်း၊ထွန်ယက်စိုက်ပျိုးခြင်း၊ ကျင်းတူးခြင်း၊ စသည့်လုပ်ငန်းများ ဆောင်ရွက်စဉ် မတော်တဆ တွေ့ရလေ့ရှိတတ်သည်ဟုဆိုသည်။ ထိုသို့...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား ယနေ့ ဗုဒ္ဓဟူးနေ့တွင် ဖ-မ်းဆီး ထိန်းသိမ်းလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့မှ ပြောကြားလိုက်သည်။ ယွန်ကို ဖ-မ်းဆီးထိန်းသိမ်းမှုသည် လက်ရှိသမ္မတအဖြစ်တာဝန်ယူနေသူတစ်ဦးအား တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံး ဖ-မ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများသည် ယနေ့နံနက်ပိုင်းတွင် ယွန်၏ တရားဝင်နေအိမ်သို့ဝင်ရောက်ခဲ့ပြီး သမ္မတလုံခြုံရေးတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရာတွင် ဒီဇင်ဘာ ၃ ရက် စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်၍ ယွန်အား ဖ-မ်းဆီးရန် ထုတ်ထားသည့် ဖ-မ်းဝရမ်းကို ပြသခဲ့ရသည်။ ယခုအခါမူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071