နေတိုးထိပ်သီးအစည်းအဝေးအပြီး၌
ဇလန်းစကီးက စစ်ရေးအကူအညီအတွက် အမေရိကန် ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခဲ့

0
223

ဆော့ထ်လိတ်ခ်စီးတီး၊ဇူလိုင် ၁၃

ယူကရိန်းသမ္မတဇလန်းစကီးသည် အမေရိကန်အစိုးရထံမှ စစ်ရေးအကူအညီများပိုမိုရရှိရေးအတွက် နေတိုးထိပ်သီးအစည်းအဝေးအပြီး၌ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံမှု၌ ဇလန်းစကီးက “ကျွန်တော်တို့ရဲ့တစ်ခုတည်းသောတောင်းဆိုမှုက လုံလောက်တဲ့ထောက်ပံ့မှု၊ကျွန်တော်တို့မြို့တွေအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်၊ရှေ့တန်းက သူရဲကောင်းတွေအတွက် လက်နက်နဲ့ သာမန်ပြည်သူတွေအတွက် အကာအကွယ်တွေ၊ပြန်လည်တည်ဆောက်ရေးတွေပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းကို ယုံကြည်စိတ်ချရသည့်စစ်ရေးအကူအညီများပေးရန် အစီအစဉ်ကို သဘောတူခဲ့ကြပြီး နေတိုး၌ ယူကရိန်းအဖွဲ့ဝင်ဖြစ်ရေးပြင်ဆင်ခဲ့ကြကာ ယူကရိန်းသည် နေတိုးအဖွဲ့ဝင်ဖြစ်ရေးလမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ကြောင်းလည်းဆိုခဲ့ကြသည်။

သို့သော် သမ္မတဟောင်းဒေါ်နယ်ထရမ့်အပါအဝင် ရီပတ်ဘလစ်ကန်အများအပြားက ယူကရိန်းအားကူညီမည့် အစီအစဉ်အချို့ကိုဆန့်ကျင်ခဲ့ကြကြောင်းလည်းသိရသည်။ ရုရှားနှင့်ယူကရိန်းတို့သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ရုရှား၏ထိုးစစ်ကြောင့် စစ်ပွဲစတင်ဖြစ်ပွားခဲ့ကြခြင်းလည်းဖြစ်သည်။

Source : အေပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here