နီပေါ၌ မြေပြို၊ ဘက်စ်ကားနှစ်စီးမြစ်ထဲန-စ်မြု-ပ်၊လူ ၆၀ ကျော်ပျောက်ဆုံးနေ

0
345
Rescuers search for survivors in river Trishuli in Simaltar on July 12, 2024, at the site of a landslide. - More than 60 people are missing in Nepal after a landslide triggered by heavy rains swept two buses off a highway and into a river, authorities said. (Photo by Rajesh GHIMIRE / AFP)

ခတ္တမန္ဒူ၊ဇူလိုင် ၁၂

နီပေါနိုင်ငံ၌ မုတ်သုန်မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုရာ အဝေးပြေးလမ်းမပေါ်မှ ဘက်စ်ကားနှစ်စီး မြစ်ထဲန-စ်မြု-ပ်သွားကြောင်းသိရသည်။ ယခုဖြစ်စဉ်အတွင်း လူပေါင်း ၆၃ ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟုလည်း အာဏာပိုင်များကပြောကြားခဲ့သည်။

ဒါဇင်နှင့်ချီသော ရှာဖွေကယ်ဆယ်ရေးသမားများသည်လည်း ယခုမတော်တဆမှုဖြစ်ရာနေရာဒေသ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်နေပြီး အသက်ရှင်ကျန်ရစ်သူများရှိပါက အချိန်မှီကယ်တင်နိုင်ရန်လည်း ကြိုးပမ်းနေကြောင်းသိရသည်။

ဘက်စ်ကားနှစ်စီးပေါင်းလျှင် လူပေါင်း ၆၆ ဦးခန့်ပါနိုင်ပြီး သုံးဦးမှာမြစ်ထဲမကျခင် ထွက်ပြေးနိုင်ခဲ့သဖြင့် အသက်ရှင်ခဲ့ပြီး ဆေးရုံ၌ဆေးကုသမှုခံယူနေကြောင်းလည်းသိရသည်။ ဘက်စ်ကားများသည် လမ်းတွင် ခရီသည် ထပ်တင်လေ့ရှိသဖြင့် အရေအတွက်အတိအကျကိုအတည်မပြုနိုင်သေး ဟုလည်းဆိုသည်။

“အခုအချိန်ကလည်း မြစ်ရေတက်နေတဲ့အချိန်ဖြစ်လို့ လွတ်သွားတဲ့သုံးယောက်ကလွဲရင် ကျန်တဲ့သူ တစ်ယောက်ကိုမှရှာမတွေ့သေးပါဘူး” ဟု တာဝန်ရှိသူတစ်ဦးကဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ယခုမတော်တဆမှုအတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းပြောကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုထိထိရောက်ရောက်ဆောင်ရွက်ရန်ညွှန်ကြားထားကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/ဂျီအာ


LEAVE A REPLY

Please enter your comment!
Please enter your name here