ပြည်သူ့စစ်မှုထမ်းများ စာရင်းကောက်ယူမှုတွင် အသက်မပြည့်သူများ မပါရှိစေရေး ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်ကြီး တင်အောင်စန်းပြော

0
187

ပြည်သူ့စစ်မှုထမ်းများ စာရင်းကောက်ယူမှုတွင် အသက်မပြည့်သူများ မပါရှိစေရေး အထူးဂရုစိုက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။

ယမန်နေ့ ဇူလိုင်လ (၁၂) ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက်အလက်များကို ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် ၊ တိုင်း/ ခရိုင်အဆင့်များကလည်း စနစ်တကျတာဝန်ပေး ကြပ်မတ်ရန် ၊ ပြည်သူ့ စစ်မှုထမ်းအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊သင်တန်းကျောင်းသို့ ရောက်ရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူများအတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီး ပြည်နယ်များမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်လည်း ၎င်းက မှာကြားခဲ့သည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းအဖြစ် ကိုယ်ပိုင်အမှတ်ရရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူများအတွက် သက်ဆိုင်ရာဥပဒေနှင့်အညီဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထပ်မံဖွင့်လှစ်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းများအတွက် Time Frame များ သတ်မှတ်ဖြန့်ဝေပေးထားပြီး ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ် များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင် ရွက်နိုင်ရေး Check List များဖြင့် စစ်ဆေးဆောင်ရွက်ကာ သင်တန်းအမှတ်စဉ်(၄)အတွက် လျာထားချက် ပြည့်မီအောင် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ကြရန်လည်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တိုက်တွန်းပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here