ဒေါ်နယ်ထရမ့်အတွက် ရွေးကောက်ပွဲကိစ္စများဆောင်ရွက်ပေးနေသည့်အဖွဲ့သို့ အီလွန်မတ်စ် ငွေလှူဒါန်း

0
244

အမေရိကန် ဘီလျံနာ အီလွန်မတ်စ်သည် လက်ရှိသမ္မတ ရွေးကောက်ပွဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ထောက်ခံအားပေးသည့် စူပါနိုင်ငံရေး လှုပ်ရှားမှုကော်မတီထံ ငွေကြေးလှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Bloomberg သတင်းဌာနက ရေးသားဖော်ပြထားသည်။

“မတ်စ်က ဘယ်လောက်ပေးတယ်ဆိုတာ မသေချာပေမယ့် လူတွေက ဒီကိန်းဂဏန်းကို ကြီးမားတဲ့ပမာဏတစ်ခုအနေနဲ့ သတ်မှတ်ကြတယ်” ဟု Bloomberg က မှတ်ချက်ပြုသည်။

မတ်စ်သည် ယခင်ကမူ ပါတီနှစ်ခုလုံးမှ ကိုယ်စားလှယ်လောင်းများအား လှူဒါန်းခဲ့သည်။ “သူ့ရဲ့ လှူဒါန်းငွေတွေဟာ ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန်တွေအတွက် မျှမျှတတ ခွဲဝေလှူဒါန်းပေးခဲ့ပါတယ်” ဟု New York Times သတင်းစာက အစောပိုင်းတွင် ရေးသားခဲ့သည်။

သို့ရာတွင် ယခုအခါတွင်မူ ဒေါ်နယ်ထရမ့်ဖက်သို့သာ သီးသန့်လှူဒါန်းခြင်းဖြစ်ကြောင်းကို လည်း မီဒီယာများက ရေးသားကြသည်။

၎င်းသည် “အမေရိကန် နိုင်ငံရေး အခင်းအကျင်းကို ပုံဖော်ရန် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်၏ အဓိက တွန်းအားတစ်ခု ဖြစ်သည်။”ဟုလည်း မီဒီယာများက ရေးသားကြသည်။

အမေရိကန်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်ပါတီနှစ်ခုစလုံးသည် နွေရာသီနှောင်းပိုင်းတွင် ပါတီစည်းဝေးပွဲများတွင် ၎င်းတို့၏ သမ္မတလောင်းများကို ရွေးချယ်နိုင်မည်ဟု မျှော်လင့်ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here